ပရိသတ်ကြီးရေ ဒီရေအလား တိုးတက်လာတဲ့ ၂၁ ရာစု ခေတ်ကြီးထဲမှာ ရောဂါများလည်းပါဝင်လာခဲ့ပါတယ်...။ ကုသလို့ ရနိုင်တဲ့ ရောဂါဝေဒနာတွေရှိသလို၊ ကြိုတင်ကာကွယ်ခြင်းဖြင့်သာတာဆီးနိုင်သော ရောဂါဝေဒနာတွေကလည်း အများအပြားရှိလို့နေပါတယ်..။ ထိုရောဂါများထဲမှာ ကင်ဆာရောဂါ ဝေဒနာဟာလည်း ကြောက်မက်ဖွယ် အလွန်ကောင်းပြီး ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းဖြင့်သာ စိတ်ချမယ့် အခြေအနေတစ်ခုမှာရှိနေပါတယ်...။ ကင်ဆာရောဂါ မဖြစ်လေရအောင် နေထိုင်ပြုမူ၊ စားသောက်ခြင်းဆိုင်ရာ ဆင်ခြင်စရာများ၊ ရှောင်ရှားစရာ အကြောင်းအရာ ကိစ္စများကို တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်..။

ကင်ဆာရောဂါဝေဒနာ မဖြစ်အောင် အနေအထိုင်၊ အစားအသောက်တွေကို ဆင်ခြင်လိုက်မယ်ဆိုလျှင် လူကြီးမင်းတို့အနေနဲ့ ၈၀ရာခိုင်နှုန်း လျှော့ချကာကွယ်ပြီးဖြစ်မှာပါ...။ အဓိကအကြောင်းအရာ နေထိုင်၊စားသောက်နည်းများကို အကြမ်းဖျင်းအားဖြင့် ဖော်ပြပေးလိုက်ပါတယ်...။ ဆေးလိပ်တွေ၊ ဆေးတံတွေ သောက်သုံးခြင်းကို ရှောင်ကြဉ်ရမှာပါ...။ သောက်သုံးတဲ့ သူတွေနားမကပ်ဖို့ကိုလည်း အထူးဂရုစိုက်ကြရမှာဖြစ်ပါတယ်...။ အဆီ၊ အစိမ့်တွေနဲ့ အသား၊ငါးတွေကို တက်နိုင်သမျှ လျှော့စားပါနော်...။ အမျှင်ဓာတ်ပါပြီး အစိမ်းရောင်သန်းနေတဲ့ အသီးအရွက် (မချက်ဘဲစားလိုရ) တာဆိုပိုအာနိသင်ရှိပါတယ်...။

ဓာတ်မှန်ရိုက်ခြင်းကလည်း ကင်ဆာရောဂါကိုအားပေးအားမြောက်ဖြစ်စေတာမလို့ အတတ်နိုင်ဆုံး သတိပြု ဆောင်ရွက်ကြရမှာပါ...။ နေပူထဲသားလာတဲ့ သူတွေအတွက် အမိုး၊အကာတွေကို ဆောင်သွားခြင်းဖြင့်လည်း ကင်ဆာရောဂါ ဖြစ်စေမယ့် အကြောင်းအရာကို ရှောင်ကြဉ်ပြီးသားဖြစ်မှာပါ...။ လျှပ်စစ်ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေအောက်မှာ လုပ်ကိုင်သွားလာတဲ့သူတွေအတွက်လည်း ကင်ဆာရောဂါကို ပို၍သတိထားရမှာပါ...။ လျှပ်စစ်အသုံးအဆောင်တွေ.. ဥပမာ.. ဖုန်းစတာတွေကို ကိုယ်နဲ့အတူ အနီးအနားမှာ ကပ်ပြီး အချိန်ကြာမြင့်စွာ ထားတာမျိုး၊ ညအိပ်ရာဝင် ခေါင်းအုံး အောက်မှာထားတာမျိုးကို မလုပ်သင့်ပါဖူးနော်...။ ပရိသတ်တို့အနေနဲ့ ကျန်းမာချမ်းသာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်အောင် ကိုယ်အလေးချိန်ကို ထိန်းကာ အရက်နဲ့ မီးကင်အစားအစာတွေကို အတတ်နိုင်ဆုံး လျှော့ချ သုံးစွဲရမှာဖြစ်ပါတယ်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။