အဆိုတော်မိစန္ဒီ၏ My Boo Collectionနှင့်ဦးထုပ်များအား အောက်တိုဘာ၅ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် စတင်မိတ်ဆက်ရောင်းချပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါပွဲသို့ Bobby Soxerအပါအဝင်အခြားသော အနုပညာရှင်များစွာ တက်ရောက်ခဲ့ပြီး ပရိသတ်များနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ အကျီင်္ရောင်းချခြင်းများပြုလုပ်ခဲ့သည်။

အဓိက လူငယ်ပရိသတ်များကို ကောင်းချသွားမည်ဖြစ်ပြီး ဒီဇိုင်းတစ်မျိုးကို အရေအတွက် နည်းနည်းနှင့် ရောင်းချသွားမည်ဖြစ်ကာ စျေးနှုန်းကို အနည်းဆုံးနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

My Boo Collectionများကို Genius Fashion Shopနှင့် My Boo Pageတို့တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ My Boo Collection အနေဖြင့် အခြား အသုံးအဆောင်များလည်း ရောင်းချရန်စီစဉ်ထားသည်ဟု သိရသည်။ 

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။