ပရလောက ဆိုသည်မှာ အလွန်နက်နဲပြီး ရှိသည် မရှိဘူးဆိုတာ မှန်းဆ ၍မရသော်လည်း ရှမ်းရေကျော်က အထ(ခွဲ) ကျောင်းက ကျောင်းသူလေးများမှာ နေ့စဉ် နှင့်အမျှ ဝင်ပူးတာကို ခံနေရသည်မှာ နှစ်လ ကျော်ပြီဖြစ်ကြောင်းသိရကြောင်း ဓာတ်ပုံနှင့်တကွရုပ်သံပါ ဖော်ပြလိုက်သည်။

ပုံတွေမှာ မြင်တွေ့ရတဲ့ အတိုင်း ကျောင်းသူလေးများကား နေ့စဉ်နှင့် အမျှဝင်ရောက်ပူးခြင်းကို ခံနေရသည်။ ဆရာဆရာမများမှာလဲ စာသင်ပျက်သည့်အပြင် ကျောင်းသူလေးများ၏ အန္တရာယ်ကိုလည်း အလွန်စိုးရိမ်နေရသည်။

ထိုသို့ပူးဝင်နေသည့် ပရလောကသားများ၏ လိုအပ်ချက်ကိုပြောသော်လည်း မသေချာမရေရာဖြစ်နေကြသည်။ ထိုပရလောကသားများထဲက အချို့မှာ အသက်ကို နှုတ်ယူမည် ဟုခြိမ်းခြောက် ကြသည့် အပြင်၊ ပရလောက ရှိသည်ဆိုတာကို မယုံတဲ့အတွက် ယခုလိုလုပ်ရခြင်းဖြစ်ကြောင်းလဲ ပြောကြသည်။

သူတို့ အတွက်ဇရပ်ဆောက်ပေးရန်လည်း ပြောခဲ့ကြသည်။ သို့သော်လည်း ထိုသို့ဖြစ်ပွားနေခြင်းမှာ နှစ်လကျော်ပြီ ဖြစ်ပြီး ကလေးငယ်များမှာ စိတ်ကော ကိုယ်ပါ ပင်ပန်းဆင်းရဲနေကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှုး လာရောက်မေးမြန်းသော်လည်း မကြောက်သည့်အပြင် မည်သည့်နည်းနှင့် မှ မောင်ထုတ်၍ မရဘဲဖြစ်နေကြသည်။

ဝင်ပူးတဲ့မိန်းကလေးတွေဟာ ကျောင်းမှာရှိတဲ့သံခုံတွေကို ရိုက်ချိုးတဲ့အထိ ကြမ်းတမ်းကြပြီး အဆိုပါစာသင်ကျောင်းသစ်ဆောက်လုပ်ရမှာ သချႋုင်းမြေပါဝင်နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်တွေကြောင့် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ပြန်ခြင်းတွေ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးတွေရဲ့ သြဝါဒနဲ့ လုပ်သင့်တာတွေကို လုပ်ဆောင်လျက်ရှိကြောင်း ဒုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရွာတွေ ဖြစ်တော့ ကျောင်းမြေ၊ သချႋုင်းမြေဆိုပြီး သတ်သတ်မှတ်မှတ်ခွဲထားတာမရှိဘဲ မြေနဲ့ပတ်သက်ပြီး စိစစ်လိုက်တော့ သချႋုင်းမြေ နည်းနည်းပါနေတာ တွေ့ရတယ်လို့လည်း ဦးအောင်စိုးမိုးက ပြောထားပါတယ်။

ကျောင်းသား ကျောင်းသူများ ကို ငဲ့သော်လည်း အလွန်ကို သောင်းကျန်းဆိုးရွားနေသောကြောင့် တင်ရခြင်းဖြစ်ကြောင်း ဟု ဗီဒီယို ဖိုင်များကို တင်သည့်သူကပြောကြားခဲ့သည်။

ဗီဒီယိုကြည့်ရန် အောက်က လင့် ၁,၂,၃ ကို နှိပ်ပါ။

သတင်းအရင်းမြစ် လင့္ ၁

သတင်းအရင်းမြစ် လင့္ ၂

သတင်းအရင်းမြစ် လင့္ ၃

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။