ကလေးတွေ ဉာဏ်ကောင်းတာ အမေဆီက မျိုးရိုးဗီဇကြောင့်ဖြစ်ကြောင်း သိပ္ဗံပညာရှင်များမှ ပြောကြား

အမေရဲ့ မျိုးရိုးဗီဇကြောင့်သာ ကလေးတွေ ညာဏ်ကောင်းတာဖြစ်ပြီး အဖေကြောင့် ဘာထူးခြားမှုမှ မဖြစ်ကြောင်း သုတေသနပြုသုများမှ ပြောကြားခဲ့ပါတယ်။ မိန်းမတွေက ညာဏ်ရည်နဲ့ဆိုင်တဲ့ မျိုးရိုးဗီဇကို ကလေးတွေဆီ ပိုပြီး ပို့ဆောင့်ပေးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမျိုးရိုးဗီဇကို X chromosome ကသယ်ဆောင်ပေးတာ ဖြစ်ပြီး မိန်းမတွေမှ X chromosome ၂ခုပါပြီး ယောကျာ်းတွေမှာ တစ်ခုဘဲပါပါတယ်။ တကယ်လို့ အဖေဆီက သယ်ဆောင်လာတာဆိုရင်လည်း သူ့အလိုလို အလုပ်မလုပ်တော့ဘူးလို့ ယူဆရပါတယ်။

သုတေသနပညာရှင်တွေက ကြွက်နဲ့စမ်းသပ်ခဲ့ပါတယ်။ ဒါပင်မဲ့လည်း မတိကျမှာစိုးတဲ့အတွက် အဲ့ဒီ သီအိုရီကို အသက် ၁၄ ကနေ ၂၂ နှစ်အတွင်း လူငယ်ပေါင်း ၁၂၆၈၆ ကို ၁၉၉၄ က စပြီး နှစ်တိုင်း မေးမြန့်ခဲ့ပါတယ်။ တွေ့ရှိရတာတော့ တော်တော်များများက အမေရဲ့ IQ နဲ့ သွားတူနေတာ တွေ့ရပါတယ်။ ဒါပင်မဲ့လည်း အသိညာဏ်ဆိုတာ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းဘဲ ဆက်ခံရရှိပြီး ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်ပါတယ်။ ဒါပင်မဲ့ အမေက ကလေးတွေရဲ့ အသိညာဏ်ပညာတော်တာမှာ အဓိကနေရာက ပါဝင်နေပါတယ်။ University of Washington ကသုတေသနာပညာရှင်တွေက အမေနဲ့ကလေးကြားက စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုက ဦးဏှောက်ဖွံ့ဖြိုးမှုမှာ အဓိကနေရာကပါဝင်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။