အင်းဝ ဆိုင် မှ အိမ်ဖော်များကို နှိပ်စက် ခဲ့တဲ့ အမှုကို ကိုင်တွယ်တာ ပေါ့လျော့ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ ဝင်တွေနှုတ်ထွက်သွားကြောင်းကို Myanmar President Office က နေပြီးတော့ တရားဝင်ကြေငြာခဲ့ပါတယ်။

အိမ်ဖော်တွေကို လူသားမဆန်စွာ နှိပ်စက်ခဲ့တဲ့ အင်ဝဆိုင် အမှုကို ကိုင်တွယ်ရာ မှာ ပေါ့လျော့ခဲ့တဲ့အပြင် ပြစ်မှုကို ပိုက်ဆံနှင့် ကျေအေးခိုင်းတဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ မှ ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာ ဒေါ် သန်းနွဲ့တို့ အဖွဲ့ဝင်အဖြစ်နှုတ်ထက်သွားကြောင်း တရားဝင်ယခုလို ထုတ်ပြန်ခဲ့ပါတယ်။

'■ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်း■ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၅၆/၂၀၁၆

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက်

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်အရ အောက်ပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည် -

(၁) ဦး ဇော်ဝင်း

(၂) ဒေါက်တာ ဉာဏ်ဇော်

(၃) ဒေါက်တာ ဒေါ်သန်းနွဲ့

(၄) ဒေါ်မြမြ

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'

ဝမ်းသာစရာဘဲနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။