လွှတ်တော်ရုံးမှာ ဓားထိုးမှုဖြစ်ရတဲ့ အကြောင်းအရင်း

ဒီနေ့ ပြည်သူ့လွှတ်ရုံးမှာဓါးထိုးမှု့ဖြစ်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး Facebook နဲ့ သတင်းမီဒီယာတွေမှာတက်လာတဲ့ သတင်းလေးတွေ

အထင်မှားစရာတွေတွေ့ရလို့ကျနော်ရှင်းပြ ပါ့မယ် အခုဓါးထိုးခံရတဲ့သူကကျနော်ဇနီးပါ မသီသီဝင်း (လက်ထောက်ညွှန်ကြားရေးမှူ း) တာဝန်နဲ့ ပြည်သူ့လွှတ်တော် ညွှန်ချ ုပ်ရုံး (C) ဆောင်မှာတာဝန်ကျပါတယ်။ ကျနော်က မြို့မစျေးမှာဖုန်းဆိုင်ဖွင့်ထားပါတယ် အခုဓါးနဲ့ထိုးတဲ့ မသန္တာထွန်း ( ခ ) မသိဂီ င်္ထွန်းဟာ ရုံးအကူဝန်ထမ်းပါ ရာထူးကြီးငယ်မရွေး လူသိရင် လွှတ်တော်ရုံးကဆိုရင် ဟန်းစက်အရစ်ကျပေးပါတယ်။ အခု သူလဲ ကျနော့်ဆိုင်မှာ ဟန်းစက်အရစ်ကျယူထားတာပါ။ ရစရာရှိတဲ့အကြွေးကိုေ ပးရမည့်အချိန်မပေးနိုင်သဖြင့် ၈ လပိုင်းနဲ့ အခု ၉ လပိုင်းကုန်တဲ့အထိ မပေးခဲ့ပါဘူး ကျနော်တို့ပြေပြေလည်လည်ပဲတောင်းခဲ့ပါတယ် သူလဲသူ့မိသားစုအခက်ခဲနဲ့ရှိမှာလို့ တွေးပြီး စောင့်ဆိုင်းပေးခဲ့တာဖြစ်ပါတယ် သူ့ခင်ပွန်းကလဲဝန်ထမ်းပါ သူပါဆပ်ပေးမယ်ပြောခဲ့ပါတယ် မဖြစ်ခင်ညက အထိပြေပြေလည်လည်ပဲတောင်းပါတယ် အလုံးရင်းမဆပ်နိုင်ရင် ကျနော့်ဇနီးကဖုန်းပဲဆက်တာပါ ဆပ်နိုင်သလောက်ဖြေးဖြေးဆပ်ပါလို့ပြောခဲ့ပါတယ်။

ရစရာရှိတဲ့အကြွေးကလဲ သိပ်မများပါဘူး ကျနော့်ဇနီးက ရုံးမှာ လူသိရှင်ကြားအကြွေးမတောင်းပါဘူး သူ့အလုပ်နဲ့သူ့ရုံးကလဲ အလုပ်များတော့ ဒါတွေသိပ်မလုပ်နိုင်ပါဘူး ဟန်းစက်အရစ်ကျယူရင် ဆိုင်ကိုပဲလာယူခိုင်းပါတယ် ဖုန်းနဲ့ပဲပြောဖြစ်ပါတယ် ရုံးမှာ အကြွေးတောင်းတဲ့ကိစ္စတွေမလုပ်ပါဘူး ရုံးကအကြွေးပေးစရာရှိတဲ့ရှိတဲ့ ဝန်ထမ်းတွေက စျေးပို့ပေးတဲ့စျေးကားလာရင် ကျနော့်ဆိုင်မှာ အကြွေးဝင်ပေးလေ့ရှိပါတယ် ကျနော့်ဇနီးကလဲ ဆိုင်ကိုပဲပေးခိုင်းတာပါ အခုဒီနေ့ဖြစ်တဲ့ ကိစ္စမှာ ထင်မှတ်မထားပါဘူး ညွှန်ချ ုပ်ရုံးဆို

တော့ ကျနော်ဇနီးဟာ လွှတ်တော်အစည်းဝေးရှိရင်ပုံမှန် ၈နာရီမထိုးခင် ရုံးတက်ရပါတယ် ဒီနေနံနက်ရုံးသွားတာနောက်ကျပါတယ် ကျနော်ကိုယ်တိုင်ရုံးကိုလိုက်ပို့

့တာပါ အခုဓါးနဲ့ထိုးတဲ့ မသန္တာက ကျနော့်ဇနီးရုံးတက်မည့် (C)ဆောင်ရဲ့အဝင်တံခါးအပေါက်မှာ ထိုင်နေပါတယ်

ကျနော်လဲမြင်ခဲ့ပါတယ် သူအဲလိုလုပ်မယ်မှန်းကျနော်လဲမထင်သလိုကျနော်ဇနီးလဲထင်ပုံမရပါဘူး ကျနော့်ဇနီးကားပေါ်ကဆင်းပြီးအထဲဝင်တော့ သူကထိုင်ရာကထပြီး အရှေ့က လှေခါးပေါ်တက်သွားတယ် အတူတူပဲတက်သွားတာပါစကားတခွန်းမှပြောမသွားဘူး စကားလဲမများကြပါဘူး ကျနော်ကားမောင်းပြန်လာခဲ့ပါတယ် ကျနော့်ဇနီးမေးကြည့်တော့

ပထမလှေခါးဆုံးလို့ ဒုတိယလှေခါးတက်မည့်အလုပ်မှာ မသန္တာကစောင့်နေပါတယ် ကျနော့်ဇနီးကသူကို ကျော်တက် ဒုတိယလှေခါးတက်ဖို့ခြေလှမ်းစလှမ်းတဲ့အချိန်မှာ အသင့်ယူဆောင်လာတဲ့ပုံမှာပါတဲ့ဓါးနဲ့နောက်ကြောကို ထိုးတာပါ စကားများရန်ဖြစ်ပြီးထိုးတာမဟုတ်ပါဘူး

အမှန်တိုင်းသိစေချင်လို့ အခုလိုတင်လိုက်တာပါ ကြိုတင်ကြံစီထားတဲ့သဘောပါ

သတင်းမီဒီယာက သတင်းထောက်တွေကျနော်တို့ကို

ဖြစ်စဉ်အချိန်က မေးမြန်းခြင်းမရှိခဲ့ပါဘူး လူမှု့ကွန်ယက်ပေါ်မှာ သတင်းတွေတက်ပီးမှ ညနေမှ ဖုန်းဆက်မေးကြတာပါ

ရဲစခန်းမှာလဲတိုင်ချက်ဖွင့်ထားပါတယ် တရားဥပဒေအတိုင်းအမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ

နိုင်ငံတော်ရဲ့အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်ကြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံအကြီးကဲတွေဝင်ထွက်သွားလာနေတဲ့ လုံခြုံရေးတင်းကြတ်လှတဲ့ လွှတ်တော်ရုံးကြီးထဲမှာ

လူတစ်ယောက်ကို ဓါးနဲ့ထိုးလုပ်ကြံသတ်ဖြတ်လို့ရတယ်ဆိုတာကတော့

ဝန်ထမ်းအားလုံးကျနော့် ဇနီးလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းလျက်

ရေးတင်ပေးလိုက်ပါတယ်ဟု ဓားထိုးခံရသောအကြောင်းအရင်းကို facebook သုံးစွဲသူတစ်ဦးမှ ရှင်းပြထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။