ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသနီးချောလေး မေမြင့်မိုရ်ကတော့ ပြည်ငူတွေရဲ့ အသည်းတွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်မှုတွေအခိုင်အမာနဲ့ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အသည်းကျော်လေး သူမကတော့ ချိုမြိန်အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူပါနော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး မေကတော့ သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ ချီးကျူးမှုတွေကို ရရှိထားသလို ပြီးခဲ့တဲ့လက ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ထူးချွန်ဆုပေးပွဲမှာ ထူးချွန်ဆု ရရှိထားသူလေးပဲ ဖြစ်ပါတယ်..။

ပြည်သူပရိသတ်တွေရဲ့ ရင်ထဲကမင်းသမီးချောလေး တစ်ဦးဖြစ်တဲ့မေလေးဝါ ဒီကနေ့လေးမှာလည်း သူမရရှိခဲ့တဲ့ Star Awards ဆုနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည် ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

မြန်မာဝတ်စုံလေးတွေကို စွဲစွဲမြဲမြဲဝတ်ဆင်လေ့ရှိတဲ့ မေလေးရဲ့ အနက်ရောင်မြန်မာဝတ်စုံလေးနဲ့လည်း Star Awards ဆုကိုကိုင်ပြီး ကျော့ရှင်းအေးချမ်းစွာ လှသွေးကြွယ်နေပုံလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။

ဒီကနေ့လေးမှာတော့ မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ မဟာဆန်ပြီး ပျော်ရှင်းအလှပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေနဲ့အတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

Photo - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။