မကြာခင်ရုံတင်တော့မယ့် ရုံကြီးကားဖြစ်တဲ့ ဘန်ကောက်မှ မန္တလေးသို့ ဆိုတဲ့ဇာတ်ကားဟာ ထိုင်းနိုင်ငံက ဒါရိုက်တာရိုက်ကူးတဲ့ကားဖြစ်ပြီး မြန်မာနိုင်ငံက စူပါစတားတွေဖြစ်တဲ့ နေတိုး၊ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းခမ်းလှိုင် နှင့် ထိုင်းမင်းသမီးပါ ပါဝင်ပါတယ်။ အဲ့ဒါကြောင့်လဲ....

ထိုကားကို မြန်မာ နိုင်ငံတွင် မကဘဲ ထိုင်း နိုင်ငံမှာပါ ရုံတင်မှာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေ အနုပညာရှင်တွေရဲ့ အာရုံစိုက်ခြင်းကိုခံနေရပါတယ်။ ထိုင်းနိုင်ငံမှာလဲ ထိုကားနှင့်ပတ်သက်လို့ အင်တာဗျူးတွေလဲ စက်တိုက်မေးနေတာကိုတွေ့ရပါတယ်။

ဒီတစ်ခေါက်မှာတော့ ထိုင်း နိုင်ငံရဲ့ နာမည်အကြီးဆုံး သတင်းစာ နှင့်အတူ အင်တာဗျူးလုပ်ခဲ့တယ်လို့ ဝတ်မှုန်ရွှေရည်က သူမရဲ့ လူမှုကွန်ရက်မှာအခုလိုရေးသားခဲ့ပါတယ်။

'ဒီနေ့ ....

ထိုင်းနိုင်ငံရဲ့နံပါတ်တစ်

'Thairath Newspaper' အတွက်

ဘန်ကောက် မှ မန္တလေးသို့ .....

ရုပ်ရှင်ဇာတ်ကားရဲ့ သရုပ်ဆောင်များနဲ့အတူ

အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်

အခု....

'Daily News Newspaper' ရဲ့

အင်တာဗျူးအတွက် နောက်တစ်နေရာကိုသွားနေကြပါပြီ........'

ထို ခရီးစဉ်မှာ နေတိုး၊ ဝတ်မှုန်ရွှေရည်နှင့် ထိုင်းမင်းသမီးလေးကို တွေ့ရသော်လည်း စိုင်းစိုင်းခမ်းလှိုင်ကတော့ပါဝင်ခြင်းမရှိခဲ့ပါဘူး။

စိုင်းစိုင်းကဘယ်ရောက်နေတာလဲ? အလုပ်များလို့မလာနိုင်တာလား? ဒီလောက် အရေးကြီးတဲ့ အင်တာဗျူးမှာ ဘာလို့မပါတာလဲဆိုတာကိုတော့ ဝတ်မှုန်ရွှေရည်က ဘာမှမပြောသွားပါဘူး။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။