မြိတ်မြို့မှ တုန်​လှုပ်​စရာကောင်းသော ကလေးဖျက်ချ စွန့်ပစ်မှု

မွေးကင်းစကလေးငယ်တစ်ယောက်ကို ဦး​ခေါင်​းမှာကုတ်ခြစ်ဒဏ်ရာ ပါးစပ်​မှာအမှိုက်များဆို့ ကြွပ်ကြွပ်အိတ် ခေါင်းစွပ်ကာ သွေးအလူးလူး အချင်းတန်းလန်းနဲ့ ဆားအိတ်ဖြူတွင်ထည့်ပြီး သမုတ်ရွာရဲ့အပြင်ဘက် မီးရထားလမ်းဟောင်း ကျူ တောထဲတွင် ရက်စက်စွာ ပစ်ထားခဲ့သည်။

မနက်စောစော ငှက်ပစ်သမားကလေးငယ်များနှင့် ရော်ဘာလုပ်သား ရွာသားတို့မှာ

ကလေးငိုသံ သဲ့သဲ့ကြားသောကြောင့် ကျူတောထဲ သွားကြည့်သောအခါ သွေးအလူးလူး အချင်းတန်းလန်း ကျူငုတ်ထိုးဒဏ်ရာများနဲ့ပိုးတက်နေသော မွေးကင်းစကလေးငယ်ဖြစ်နေသည်

ထိုအခါမှာရော်ဘာလုပ်သားတို့လည်း ခြံတာဝန်ခံကို အကြောင်းကြားကာ

ကလေးငယ်အား ကယ်တင်ခဲ့ပါသည်။ ခြံတာဝန်ခံ မိသားစုမှာ ရွာမှ စခန်းမှူး အုပ်ချုပ်ရေးမှူးတို့အား အကြောင်းကြားခဲ့ပြီး ကလေးငယ်အား ဂရုဏာပိုကာနွေးထွေးစွာဖြင့်ကျေးလက်ကျန်းမာရေးဌာနတွင် ဦးစွာဆေးကုသခဲ့ပါသည်။ ပိုမို၍ ပြည့်စုံစေရန်.မြိတ်​မြို ပြည်သူ့ဆေးရုံ၌

ကျန်​းမာ​ရေးစောင့်ရှောက်မှု့ကို ပြုလုပ်ပေးနေပါသည်။ ယခုအခါမှာ ကလေးငယ်၏ ကျန်​းမာ​ရေးမှာ စိတ်ချရသော အခြေနေ ဖြစ်နေပြီဖြစ်သည်။ ဒါပေမယ့်လည်းရက်စက်ကြမ်းကြုတ်သော မိခင်ယုတ်မှာ ကိုယ်ဝန်ဖျက်မှု့ ကလေးသတ်မှု့ မှှ လွတ်မြောက် နေ ဆဲဖြစ်သည်။

Credit - Myat Htut (Myeik)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။