ထိုင်းနှင့်မြန်မာ ပူးပေါင်းရိုက်ကူးထားသည့် From Bangkok to Mandalay ဇာတ်ကားအား အောက်တိုဘာ ၂၈ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများ၌ပြသမည်ဖြစ်ကာ နိုဝင်ဘာ၁ဝရက်နေ့တွင်လည်း ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဇာတ်ကားတွင် မြန်မာနိုင်ငံ၏ လှပသည့်နေရာရှုခင်းအများအပြားကို ထည့်သွင်းရိုက်ကူးထားပြီး အဓိက ဇာတ်ဆောင်အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ထိုင်းမင်းသမီး Naam Whan Pilaiporn ၊ အတိတ်မှဇာတ်ကောင်များအဖြစ် နေတိုးနှင့် ဝတ်မှုန်ရွှေရည်တို့ သရုပ်ဆောင်ထားကြောင်း သိရသည်။

ထိုင်းဒါရိုက်တာ Chartchaiက ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံသို့ လာရောက်၍ နေရာဓလေ့အလှအပများကို မြင်ပြီးနောက် မြန်မာနှင့်ထိုင်း ပူးပေါင်း၍ ရုပ်ရှင်တစ်ကားရိုက်လိုစိတ်ပြင်းပြခဲ့ကြောင်း ပြောကြားခဲ့သည်။ From Bangkok to Mandalay ဇာတ်ကားကို ထိုင်းနိုင်ငံမှပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ ပူးပေါင်းရိုက်ကူးထားကြောင်း သိရသည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။