ကိုယ့်ကိုကိုယ် ပိန်သွားပြီဟု စဉ်းစားသောကြောင့် ကိုးလအတွင်း တကယ်ပိန်သွားသော အမျိုးသမီး

အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ Heather Jones ဆိုတဲ့အမျိုးသမီးက အကျီင်္ဆိုဒ် ၁၈ ကနေ ၈ကို ၉လအတွင်း ပိန်သွားပြီလို့စဉ်းစားလိုက်ရုံနဲ့ တကယ်ပိန်သွားခဲ့ပါတယ်။ ဒါကယုံနိုင်စရာ မရှိဘူးဆိုပင််မဲ့ စိတ်ရဲ့စွမ်းအား တစ်မျိုးပါဘဲ။ လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ရည်းစား သေဆုံးသွားတဲ့ အချိန်မှာ အစားတွေ အများကြီးစားမိလို့ တော်တော်ဝလာခဲ့ပါတယ်။ သူမရည်းစားသေဆုံးခဲ့တဲ့ အချိန်တုန်းက ၃၂ နှစ်သာရှိသေးပြီး စိတ်ကျရောဂါရခဲ့ပါတယ်။ အိပ်ရာထဲကနေ တစ်နှစ်လောက် မထဘဲနဲ့တောင် နေခဲ့ပါတယ်။ ဒါပင်မဲ့ သူမပြောင်းလဲရမယ်လို ဆင်ခြင်ပြီ စိတ်ကိုလွတ်လွတ်လပ်လပ်ထားတဲ့ နည်းလမ်းကို ရှာတွေခဲ့ပါတယ်။ အဲ့ဒါက ကုသမှုတစ်မျိုးဘဲဖြစ်ပြီး လူတွေကို လွတ်လွတ်လပ်လပ်တွေးဖို့ အားပေးပါတယ်။ မကောင်းတဲ့အရာတွေ စိတ်ထဲမှာ ပိတ်နေတာတွေကို ပြောင်းလဲ တွေးခေါ်မှုတစ်မျိုးပါဘဲ။ Heather ကအဲ့ဒီနည်းကို လေ့ကျင့်ပြီး အောင်မြင်ခဲ့ပါတယ်။ သူ့ကိုယ်သူ ပိန်သွားပြီလို့ အမြဲစဉ်းစားပြီး သူကကယ်လိုရီများတဲ့ အရာတွေ သကြားများတဲ့ အစားအသောက်တွေစားချင်တိုင်း မျက်နှာနဲ့ ဝမ်းဗိုက်ကနေရာတွေကို ထိပြီး ကိုယ့်ကိုကိုယ် ချစ်တဲ့အတွက် ဒီလို အစားအသောက်တွေ မစားသင့်ကြောင်း တွေးပါတယ်။ အဲ့လိုတွေးပြီးတဲ့နောက် တကယ်မစားချင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ သိပ်ပြီး အားထုတ်စရာမလိုတဲ့နည်းလမ်းဖြစ်ပြီး သူ့ရဲ့အတွေးတွေ အမူအကျင့်တွေလည်း အားလုံးပြောင်းသွားခဲ့ပါတယ်။ ခုဆိုရင် လက်ရှိ ဓာတ်ပုံရိုက်တဲ့ အလုပ်ကတောင်ထွက်ပြီး သူ့လိုပိန်ချင်တဲ့လူတွေအတွက် ဦးဏှောက်ကိုလေ့ကျင့်ပေးတဲ့ အလုပ်ကိုစတင်လုပ်နေပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။