"စားတဲ့ သူကတော့ မသိသာပေမယ့် ချက်ရတဲ့ သူတွေအတွက်ကတော့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို အိမ်ရှင်မတွေပဲ နားလည်ကြတာပါ။ ယခင်ကဆိုရင် ထမင်းတစ်အိုးရဖို့ အတွက် အချိန်တွေသေချာပေးပြီးချက်ပြုတ်ရတဲ့ အပြင် အနေတော်စားလို့ကောင်းတဲ့ ထမင်းရနိုင်ဖို့ အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ ယခုခေတ်မှာတော့ ပေါင်းအိုးတွေ ပေါ်လာတာကြောင့် အိမ်ရှင်မတွေအတွက် အခက်အခဲ မရှိတော့ပေမယ့် ကိုယ်ချစ်ရတဲ့ သူတွေကို ပိုစားလို့ကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုပဲ ကျွေးချင်ကြတာပါ။ ဒါကြောင့် အိမ်ရှင်မတွေအတွက် အိမ်ထမင်းကို စွဲသွားစေမယ့် လျှိ့ဝှက်ထမင်းချက်ခြင်းနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။


(၁) ဘီယာ

အိမ်မှာ ဘီယာသောက်တတ်တဲ့ အမျိုးသားရှိရင်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့နော်။ ဆန်ပုံးထဲမှာ အထားများတဲ့ ဆန်တွေဟာကြာလာတာနဲ့အမျှအနံအရသာပျောက်ဆုံးသွားတာကြောင့် ထိုကဲ့ သို့ မဖြင့် အောင် ဘီယာလေးအနည်းငယ်ထည့်ချက်ကြည့်လိုက်ပါ။ မွှေးပျံ့ပြီး အနံအရသာရှိတဲ့ ထမင်းကို ရရှိပါလိမ့်မယ်။

(၂) မြေပဲဆီ

မြေပဲဆီကတော့ အိမ်တိုင်းမှာ အသုံးပြုကြတဲ့ ဆီတစ်မျိုးပါ။ ထိုမြေပဲဆီကို ထမင်းမချက်ခင်ထည့်မွှေပေးမယ်ဆိုရင် ဆန်လုံးလေးတွေကို မဖွာစေပဲ စားလို့ကောင်းစေမှာပါ။

(၃) ရှာလကာရည်

ရှာလကာရည်ကလည်း အိမ်တိုင်းမှာရှိတဲ့ အရာတစ်ခုပါပဲ။ ထမင်းချက်တဲ့ အခါ ရှာလကာရည်ကို တစ်စက် နှစ်စက်ထည့်ပေးရုံနဲ့ နတ်သုဒ္ဓါထမင်းလေးကို စားရတဲ့ အလား ခံစားစေရမှာပါ။

(၄) ရေကျက်အေး

ထမင်းချက်တဲ့အခါ ရေအေးနဲ့ ချက်တာက ဗီတာမင်ဓာတ်ကို အပြည့်အဝရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထမင်းချက်တဲ့ အခါရေကျက်အေးနဲ့ ချက်ခြင်းက ထမင်းမှာပါဝင်တဲ့ ဗီတာမင် B1 ကို အပြည့်အဝရရှိစေနိုင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

အိမ်ရှင်မတွေ ဒီနည်းလေးတွေကို သုံးပြီး ချက်ကျွေးလိုက်ရင်တော့ အိမ်ဦးနတ်ကြီး နောက်ဆို အိမ်က ထမင်းက စားလို့ အကောင်းဆုံးဖြစ်သွားပါလိမ့်မယ်နော်။

Source: Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။