ကော်ဖီသောက်ခြင်းက လူကိုယ်ကောင်းကျိုးတွေများစွာပေးနိုင်သလို အာရုံကြောလှုပ်ရှားမှုတွေကိုလည်း အကောင်းဆုံး လုပ်ဆောင်ပေးပြီး စိတ်ကို တက်ကြွလန်းဆန်းစေနိုင်ပါတယ်။ ကော်ဖီက ကျန်းမာရေးကောင်းကျိုးတွေ အများကြီးကိုပေးနိုင်တာကြောင့် လူကြိုက်အများဆုံး သောက်စရာတစ်ခုဖြစ်လာပါတယ်။ သို့ပေမယ့် မည်သည့်အရာမှ ရောနှောထားခြင်းမရှိတဲ့ ကော်ဖီမှုန့် အစစ်ကသာ လူ့ခန္ဓာကိုယ် အတွက် ကောင်းကျိုးတွေကို ဖြစ်စေနိုင်မှာပါ။ လက်ရှိဈေးကွက်မှာဆိုရင် တံဆိပ်မျိုးစုံနဲ့ အနံအရသာ မျိုးစုံပေးနိုင်တဲ့ ကော်ဖီမစ်ထုပ်တွေက လူတွေရဲ့ စိတ်ကိုဆွဲဆောင်နေတာကို တွေ့မြင်ရမှာပါ။

ထိုကော်ဖီမစ်ထုပ်တွေရဲ့ နောက်ကွယ်မှာပါဝင်တဲ့ ဓာတုဆေးဝါးတွေ ဖြစ်တဲ့ ကော်ဖီအနံ့ကဖင်း၊ တာရှည်ခံဆေး၊ အခြား သင်တို့မသိနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေများစွာပါဝင်နေပါတယ်။ ကော်ဖီမှုန့် ၃ပုံမှာ ၁ပုံလောက်သာပါတဲ့ ကော်ဖီမစ်ထုပ်တွေက ရေရှည်မှာဆိုရက် သင့်ရဲ့ ခန္ဓာကိုယ်အတွက် ရောဂါဆိုးတွေကို သယ်ဆောင်လာပေးတဲ့ အပြင် အခန့်မသင့် အသက်ကိုပါ ဆုံးရှုံးရစေနိုင်ပါတယ်။ အသင့်ကော်ဖီမစ်ထုပ်တွေ သောက်တာများလာတဲ့ အခါ ကျောက်ကပ်နဲ့ နှလုံးကို အဓိက ထိခိုက်စေပြီး အာရုံကြော်ဆဲလ်တွေကိုလည်း ယိုယွင်း ပျက်ပြားစေနိုင်ပါတယ်။

ဒါ့ပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ခေါင်းကိုက်ရောဂါ၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်ဆိုလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ အိမိထောင်ရှင်များမှာဆိုရငိ ကိုယ်ဝန်ဆောင်နိုင်ရန် အခွင့်အရေးနည်းပါးလာခြင်း၊ ရေဓာတ်ကုန်ခမ်းခြင်း စတဲ့ ရောဂါဆိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိနဲ့ ရှောင်ကျဉ်နိုင်ဖို့ အရေးကြီးပါတယ်။ ကော်ဖီကြိုက်တတ်တဲ့ သူတွေအတွက်ကတော့ ကော်ဖီမှုန့်စစ်စစ်ကိုသာ ဝယ်ယူသောက်သုံးဖို့ မေတ္တာဖြင့်ရေးသားဖော်ပြလိုက်ပါတယ်။

Source: Doctor Mya Than Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။