လွန်ခဲ့တဲ့ ရှစ်နှစ်က Famerဆိုတဲ့ အသက်၂၉နှစ်အရွယ်ရှိ လူမည်းတစ်ဦးဟာ မွေးစားမိဘဖြစ်ချင်တဲ့ စိတ်ဆန္ဒပြင်းပြခဲ့ပါတယ်။ သူဟာ မွေးစားမိဘတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ သင်တန်းတွေတက်ရောက်အပြီးမှာ သက်ဆိုင်ရာတာဝန် ရှိသူတွေက သူ့ကိုမွေးစားမိဘလုပ်ဖို့ ပြည့်စုံပြီလို့ခွင့်ပြုအပြီးမှာ Farmerဟာ မိဘမဲ့ လူဖြူကလေးသုံးဦးကို မွေးစားခဲ့ပါတယ်။ အခုဆို Farmerဟာ ၁၄နှစ်အရွယ် Darell, ၁၂နှစ်အရွယ် Savier, ၆နှစ်အရွယ် Jeremiah အမည်ရတဲ့ ကလေးသုံးဦးရဲ့ မွေးစားဖခင်ဖြစ်နေပါပြီ။ 

Farmerကနေပြီး " အသားအရောင်ဟာ ကျွန်တော်တို့ကို မခွဲခြားနိုင်ပါဘူး။ ကျွန်တော်တို့ဟာ သာမန်မိသားစုတစ်စုပါပဲ။ သူတို့အတွက် ဂုဏ်ယူရတဲ့ ဖခင်တစ်ယောက်ဖြစ်ချင်သလို ကျွန်တော့်ကြောင့်လဲ သူတို့ကို ဂုဏ်ယူစေချင်ပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။

သားအကြီးဆုံးဖြစ်တဲ့ Darellဟာ လွန်ခဲ့တဲ ခုနှစ်နှစ်က သူ့ကို Farmerက ဘဝအတွက်အရေးအကြီးဆုံး မေးခွန်းတစ်ခုကို လာမေသခဲ့တယ်လို့်ဆိုပါတယ်။ Farmwr ဟာ Darellကို ငါမင်းအဖေ တစ်သက်လုံးဖြစ်သွားနိုင်မလား လို့မေးခဲ့ပြီး Darellကလဲ ကျွန်တော်တို့စတွေ့ကတည်းက ကျွန်တော့်အဖေအဖြစ် လက်ခံပြီးသားပါလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

Source : sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။