လူတစ်ယောက်အသက်ရှင်ဖို့အတွက် အဓိက ကျတဲ့ အရာတစ်ခုဖြစ်တဲ့ နှလုံးက ထိခိုက်လွယ်ပြီး ကြောက်စရာကောင်းတဲ့ ရောဂါဆိုးတွေကို ဖြစ်ပွားစေနိုင်လို့ သေချာ ဂရုစိုက်ရမယ့် အရာတစ်ခုပါ။ နှလုံးရောဂါတွေအများကြီးရှိတဲ့ ထဲကမှ ခံစားရလွယ်တဲ့ နှလုံးရောဂါဆိုတာ တစ်ခါမှ မကြားဖူးသေးပါဘူး။ ဒီလို ကြောက်စရာကောင်းတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ နှလုံးသွေးကြောပိတ်တဲ့ ရောဂါကို အဓိရောက်ဆုံးကုသပေးနိုင်တဲ့ တိုင်းရင်းဆေးနည်း တစ်မျိုးကို ဖော်ပြပေးထားပါတယ်။

ဆေးနည်း

- ဂျင်း အနည်းငယ်ကို ယူပြီးတော့ အရည်ညှစ်ထားပါ။

- အလားတူ ရှောက်သီး နဲ့ ကြက်သွန်ဖြူတို့ကိုလည်း လိုသလောက်ယူပြီး အရည်ညှစ်ထားပါ။

- ပြီးရင်တော့ ရလာတဲ့ ဂျင်းရည်၊ ရှောက်သီးရည်၊ ကြက်သွန်ဖြူ ရေတို့နဲ့ အတူ ပန်းသီးရှာလကာရည်ကိုလည်း ဆတူရောပြီး စတီးအိုးထဲ ထည့်ကာ မီးအေးအေးနဲ့ ကြိုပေးရပါမယ်။

- ၄ပုံ ၃ပုံစာလောက်ရအောင် ကြိုပြီးရင်တော့ အအေးခံပြီး ပျားရည်ရောကာ ပုလင်းအသန့်တစ်လုံးထဲကို ထည့်ထားပါ။

ထို ဖန်ပုလင်းကို အေးမျှတဲ့ နေရာမှာ ထားပေးရပါမယ်။ ထိုဆေးကို တစ်နေ့ တစ်ချိန် နံနက်စာ မစားမီ ဟင်းစားဇွန်းတစ်ဇွန်းစာ သောက်သုံးပေမယ်ဆိုရင် နှလုံးသွေးကြောတွေကို ပွင့်စေပြီးနှလုံးရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်တဲ့ အပြင် ကျန်းမာပျော်ရွှင် စွာနဲ့ နေထိုင်နိုင်စေဖို့ မေတ္တာဖြင့် ဝေမျှပေးလိုက်ပါတယ်။

Source: ဆေးမြီးတိုမှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။