ယခင်ကဆိုရင်မျက်မှန်လေးတွေနဲ့ ဆို စာဂျပိုးလေးတွေများတတ်တာကြောင့် လိုက်စနောက်တတ်ကြပေမယ့် မျက်မှန်အမြဲ တပ်နေရတဲ့ သူတို့လေးတွေရဲ့ ဒုက္ခကိုတော့ မသိကြပါဘူး။ ငယ်ရွယ်တဲ့ အချိန်မှာ မျက်မှန်တပ်ရတာက ကောင်းတဲ့ အရာမဟုတ်သလို အချိန်ကြာလာတာနဲ့ အမျှ မျက်မှန်ပါဝါတွေကို တဖြည်းဖြည်း တိုးသွားစေရုံပဲ ရှိပါတယ်။ ဒါကြောင့် မျက်စိမှုန့်သူပဲ ဖြစ်ဖြစ် မျက်ရည်ပူတွေအမြဲ ကျတတ်တဲ့ သူပဲ ဖြစ်ဖြစ် မျက်မှန်တပ်စရာမလိုပဲ အမြင်တွေကို လုံးဝကြည်လင်သွားအောင် ဖန်တီးပေးနိုင်တဲ့ ဆေးစွမ်းကောင်း တစ်လက်ကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

ဆေးနည်းကတော့ ခပေါင်းအရည်ကြည်ကို ရေ (၉)ဖန်ခွက်နဲ့ ထန်းလျက် (၃)လုံး ရောပြီးတော့ ကြိုပေးရပါမယ်။ ရလာတဲ့ အရည်ကို ဖန်ပုလင်းအသန့်တစ်လုံးထဲမှာ ထည့်ထားပြီး တစ်နေ့ကို ပန်းကန်လုံး တစ်လုံးစာ နေ့စဉ်သောက်ပေးရပါမယ်။ ထိုဆေးနည်းကို မသက်သာမချင်းနေ့စဉ်ပုံမှန် မှီဝဲပေးရပါမယ်။ နောက်ထပ်မျက်လုံးကို လိမ်းပေးရတဲ့ ဆေးနည်းလည်း ရှိပါတယ်။ ထိုဆေးနည်းကတော့ ဖန်ခါးသီးအမှုန့် ကို နနွင်းနဲ့ ရောစပ်ပြီး မျက်လုံးတစ်ဝိုက်ကွင်းပြီး လိမ်းပေးရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ ဆေးနည်းနှစ်မျိုးကို နေ့စဉ်ပုံမှန်သုံးစွဲမယ်ဆိုရင် မျက်စိနာခြင်း၊ အောင့်ခြင်း ၊ မျက်ရည်ပူကျခြင်း၊ အမြင်ဝေဝါခြင်းတွေကို အရှင်းပျောက်ကင်းစေနိုင်တဲ့ အစွမ်းထက်တဲ့ ဆေးနည်းတစ်ခွက်ဖြစ်တာကြောင့် မျက်မှန်မတပ်ချင်တဲ့ သူတွေအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။ အဖြူပွင့်လေးတွေနဲ့ ခပေါင်းရည်ကြည်ပင် မှ ခပေါင်းရည်ကြည်စေ့ကို သွေးပြီး မျက်လုံးမှာ ကွင်းပြီး လိမ်းပေးမယ်ဆိုရင် အမြင်အာရုံဝေးဝါးခြင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

Source:ဆေးမြီးတိုမှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။