နယူးဂျာစီလမ်းမတွေပေါ်လျှောက်သွားနေခဲ့တဲ့ Lee Parker ဟာ တစ်ညနေခင်းမှာ ရထားဘူတာအနီးအမှိုက်ပုံတွေနား သူ့သူငယ်ချင်းဖြစ်သူ Whiteနှင့်အတူ ထိုင်ရင်း လွယ်အိတ်တစ်လုံးကို သွားတွေ့ပါတယ်။ တကယ်တော့ Parkerဟာ သူလျှောက်ခဲ့တဲ့အလုပ်အတွက် လွယ်အိတ်တစ်လုံး လိုနေတာကြာပါပြီ။ Parkerဟာ အဲဒီ့ပိုင်ရှင်မဲ့ လွယ်အိတ်ကို ယူလာပြီး ထွက်လာခဲ့ပါတယ်။ လမ်းတစ်ဝက်လောက်အရောက်မှာ လွယ်အိတ်ကိုဖွင့်ကြည့်တဲ့အခါ ၀ိုင်ယာကြိုးတွေနဲ့ရှုပ်ထွေးပြီး အမည်မသိပစ္စည်းတစ်မျိုးကို တွေ့ရပါတယ်၊ Parkerဟာ ဒီလွယ်အိတ်ကို ရဲစခန်းမှာသွားအပ်ပြီးတဲ့အချိန်မှာ သူဟာ ရထားဘူတာမှာကှိတဲ့ လူပေါင်းရာချီရဲ့အသက်ကို ကယ်တင်ပြီးသားလူတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။ 

ဒီအဖြစ်အပျက်ကြောင့် စိတ်ထိခိုက်ရတဲ့လူက Douglasပါ။ သူဟာ ဗုံးရှာတွေ့ခဲ့တဲ့ Parkerနဲ့ White သူငယ်ချင်းနှစ်ယောက်အတွက် အဖွဲ့အစည်းတစ်ခုထူထောင်ခဲ့ပြီး အလှူငွေကောက်ခံခဲ့ပါတယ်။ ထင်ထားတာထက် အလှူငွေတွေက ပိုများနေတဲ့အချိန်မှာ Douglasကနေပဲ ဦးဆောင်ပြီး နယူးယောက်မှာရှိတဲ့ အိမ်ခြေရာမဲ့တွေအတွက်ငွေထောက်ပံ့ပေးခဲ့ပြီး parkerကိုလဲ ငွေပမာဏတစ်ခုချီးမြှင့်ခဲ့ပါတယ်။ အခုဆို Parkerဟာ အိမ်ခြေရာမဲ့တစ်ယောက်မဟုတ်တော့ပါဘူး။ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်နေစရာရှိသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Source : sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။