လူတိုင်းအမှားနဲ့ မကင်းနိုင်သလို ကျန်းမာရေးဆိုတာလည်း ဖြစ်ရမယ့် အချိန်အခါသတ်မှတ်ထားခြင်းမရှိပဲ ချက်ခြင်းထဖြစ်နိုင်တဲ့ အမျိုးပါ။ ဒါကြောင့် တစ်နေ့မှာ ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ် တစ်စုံတစ်ခုကြောင့်ပဲ ဖြစ်ဖြစ် ပြဿနာအသေးလေးတွေကို အမြဲကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နေ့တိုင်းကြုံတွေ့နေရတဲ့ ပြဿနာအသေးလေးတွေကို ဖြေရှင်းနိုင်မယ့် ရိုးရှင်းတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။


(၁) အရိုးစူးနေရင်

အရိုးစူးတာကတော့ လူတိုင်းဖြစ်ဖူးကြမှာပါ။ တစ်ချို့ဆိုရင် ဘာလုပ်ရမှန်းမသိလို့ ခွဲထုတ်ရတဲ့ အခြေအနေမျိုးထိရောက်သွားတဲ့ သူတွေတောင်ကြုံဖူးပါတယ်။ ဒါကြောင့် အရိုးစူးပြီး ဆိုရင် ကြက်ဥအစိမ်းတစ်လုံးကို မြန်မြန်ရှာပြီး ဖောက်သောက်လိုက်ပါ။ အရိုးစူးတာချက်ချင်းပျောက်သွားပါလိမ့်မယ်။

(၂) ရုတ်တရက်သွားကိုက်လာရင်

ဆိုဒါမှုန့်နဲ့ သွားတိုက်ပြီး ပလုတ်ကျင်းလိုက်ပါ။ သွားကိုက် သွားနာတာကို ပျောက်ကင်းစေနိုင်ပါတယ်။

(၃) အသားငါးတွေ အညှီနံပျောက်ချင်ရင်

ကြက်သား အမဲသားနဲ့ ဝက်သားတွေက အညှီနံတွေကို ပျောက်ကင်းချင်ရင်တော့ ဟင်းအိုးထဲကို မီးသွေးခဲလေးထည့်ပြီးချက်ပေးပါ။ ညှီနံတွေကို လုံးဝပျောက်ကင်းစေပါတယ်။

(၄) အဝတ်တွေမှာ လက်ဖက်ရည်၊ကော်ဖီစွန်းခဲ့ရင်

အဝတ်အစားအဖြူတွေ အခြားအဝတ်အထည်တွေမှ ကော်ဖီ လက်ဖက်ရည်တွေ စွန်းခဲ့ရင် ချက်ချင်း ရေနွေးပူပူနဲ့ လောင်းချလိုက်ပါက အစွန်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ဘုရားပန်းမာျးတာရှည်ခံချင်ရင်

ဘုရားပန်းတွေကို တာရှည်ခံအောင် ထားချင်ရင်တော့ ယမ်းစိမ်းအမှုန့်ကို ဘုရားပန်းအိုးထဲကို ထည့်ထားလိုက်ရင် ဘုရားပန်းတွေ တာရှည်ခံတာမြင်တွေ့ရမှာပါ။

(၆) ဖားဥအစွဲပျောက်နည်း

ဖျောက်မရတော့ထင်နေတဲ့ ဖားဥတွေစွဲနေတဲ့ အဝတ်အစားတွေအပေါ် ရေစွတ်ထားတဲ့ အဝတ်ဖြူကို တင်ပြီး မီးပူတိုက်လိုက်ပါ။ ဖားဥတွေပျောက်သွားတာကို မြင်တွေ့ရမှာပါ။

(၇) မှင်စွန်းတာကို ဖောျက်ချင်ရင်

မှင်စွန်းနေတဲ့ အဝတ်တွေအပေါ် အမဲဆီကို အရည်ဖောျ်ပြီး တင်ထားလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာမှုန့်နဲ့ သေချာ ပြန်လျှော်လိုက်ပါ။ မှင်အစွန်းတွေကို ပြောင်သွားအောင် ချွတ်ပေးနိုင်ပါတယ်။

အိမ်ရှင်မတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို စိတ်ညစ်စရာလုံးဝမလိုပဲ ဖြေရှင်းနိုင်ပြီဖြစ်လို့ ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Source: Healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။