ရူဘီရ်ိုလို့​ခေါ်တဲ့ လမ်​း​ဘေး​ခွေး​လေးတစ်​​ကောင်​ဟာ ​ခြောက်​လကြာ သခင်​ကို​မျှော်​ရင်​း ​နောက်​ဆုံးမှာ​မွေးစားခံခဲ့ရပါတယ်​။ ​ခွေး​လေးဟာ လွန်​ခဲ့တဲ့​ခြောက်​လက ဂျာမနီနဲ့အာဂျင်​တီးနား နှစ်​နိုင်​ငံ​ပြေးဆွဲ​နေတဲ့ ​လေယာဉ်​မှ ​လေယာဉ်​မယ်​​လေး အိုလီဗီယာနဲ့ ​တွေ့ရှိခဲ့ပါတယ်​။ ​အိုလီဗီယာဟာ ​ခွေး​လေးကို​တွေ့တိုင်​း အစာ​ကျွေးတာတို့ ​ပွတ်​သပ်​​ပေးတာတို့လုပ်​​ပေး​လေ့ရှိပြီး ​ရူဘီရိုဟာ အိုလီဗီယာကို သူ့သခင်​လို့မှတ်​ထားခဲ့ပုံရပါတယ်​။

သို့​ပေမယ်​့ အိုလီဗီယာဟာ ​လေယာဉ်​မယ်​ဖြစ်​တဲ့အတွက်​ သူ့အလုပ်​ကိစ္စနဲ့အမြဲ​လေယာဉ်​​ပေါ်မှာ အချိန်​ကုန်​​နေရတာ​ကြောင်​့ ရူဘီရို​လေးနဲ့အမြဲမ​တွေ့နိုင်​ပါဘူး။

ဒါ​ပေမယ်​့လဲ အိုလီဗီယာပြန်​လာတိုင်​းမှာ သူတည်​းတဲ့ဟိုတယ်​​ရှေ့မှာ ရူဘီရိုကို အချိန်​မှန်​​တွေ့​နေရတုန်​းပါပဲ။ မျက်​မြင်​အချို့​ပြောအရဆိုရင်​ ရူဘီရိုဟာ အိုလီဗီယာတည်​းတဲ့ ဟိုတယ်​​ရှေ့မှာ အမြဲထိုင်​​စောင်​့​နေတာပါလို့​ပြောပါတယ်​။ ​နောက်​ဆုံးမှာ အိုလီဗီယာဟာ ရူဘီရိုကို တိရစ္ဆာန်​ကယ်​ဆယ်​​ရေးအဖွဲ့နဲ့ဆက်​သွယ်​ပြီး သခင်​အသစ်​ရှာ​ပေးခဲ့ပါတယ်​။ အခုဆို ရူဘီရိုဟာ သူ့သခင်​အသစ်​နဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေ​နေပါပြီ။

Source: Sunny Skyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။