ဖြူးမြို့ ဘော်ဒါဆရာမှ ၁၀ တန်းကျောင်းသူအား မညှာမတာ ရိုက်ဆုုံးမ၍ ဒဏ်ရာများရသဖြင့် မိခင်ဖြစ်သူမှ အမှုဖွင့်တိုင်ကြား

ဖြူးမြို့ပဲခူးလမ်းတောင်ပိုင်း တာကြားရပ်ကွက်တွင် ဖွင့်လှစ်ထားသော သြဘာဘော်ဒါမှ ဆရာသြဘာသည်ေ ကျာင်းပျက်သောကျောင်းသူတစ်ဦးကို ဝါးခြမ်းစိမ်းပြား

ရေစိမ်ပြီး ခြေသလုံးအား ၅ ချက်ရိုက်ရာ မခံနိုင်ဘဲ လဲကျသွားရာ ဟန်ဆောင်သည်ဟုဆိုပြီး နောက်ထပ် ၂ ချက်ထပ်မံရိုက်ခဲ့သဖြင့် ကျောင်းသူကလေးမှာ လမ်းမလျှောက်နိုင်ဘဲ အိမ်သို့ညစာထမင်းပြန် မစားနိုင်၍ အဆောင်မှာပင်အိပ်ခဲ့ပြီး နောက်နေ့ အိမ်သို့ပြန်ရာ ဘကြီးဖြစ်သူမှ သိရ၍ သူမမိခင်ထံ အကြောင်းကြားပြီးပြောဆိုသိရသဖြင့်

ဘော်ဒါဆရာကို အုပ်ချုပ်ရေးမှုးအိမ်ခေါ်ကာတွေ့ဆုံခဲ့ရာ ဆရာတစ်ဦးအနေဖြင့်ရိုက်ပိုင်ခွင့်ရှိကြောင်း မတောင်းပန်နိုင်ကြောင်း ပြောဆိုသဖြင့် ၃ရက်မြောက်

နေ့မှရဲစခန်းသို့တိုင်ကြားခြင်းဖြစ်ကြောင်းမိခင်ဖြစ်သူမှပြောဆိုသည်

ဆက်လက်၍ သူမသည် သမီးပညာရေးအတွက် သြဘာဘော်ဒါတွင်(စာသင် စာကျက် ညအိပ်) တစ်နှစ်စာ ၅ သိန်းကျပ်ဖြင့်အပ်နှံထားကြောင်း

ယခုလို မညှာမတာ ဒဏ်ရာရအောင် ဆုံးမရန် မလိုအပ်ကြောင်း တောင်းပန်ခဲ့ရင်တောင်

ကျေနပ်နိုင်မည်ဖြစ်သော်လည်း မတောင်းပန်နိုင်ကြောင်း သိရှိရ၍ ရဲစခန်းတွင် တိုင်ကြားရခြင်းဖြစ်ကြောင်းေ ကျာင်းသူ၏မိခင် ဒေါ်မေသဇင်းနှင်း ကပြောဆိုခဲ့သည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။