ရေနွေးပူ ဆီပူလောင်ပြီဆိုရင် လူတိုင်းက ဘာလုပ်ရမှန်းမသိ ရေခဲရေ နဲ့ ဆေးလိုက်တာမျိုးတွေလုပ်တတ်ကြပါတယ်။ အမှန်တော့ အပူလောင်ဒဏ်ရာကို ရေခဲရေနဲ့ ဆေးတာက လုံးဝကို မလုပ်သင့်တဲ့ အရာတစ်ခုဖြစ်ပြီး ရေရဲ့ အအေးဓာတ်က သွေးလှည်ပတ်မှုကို လျော့ကြစေတာကြောင့် အရေပြားတစ်ရူးတွေကို ထိခိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် အပူလောင်ပြီး အဖြူကွက်ဒဏ်ရာတွေမကျန်ရအောင် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးကုသလို့ရမယ့် နည်းလမ်းတွေကို ဖောပြပေးထားပါတယ်။

(၁) အပူလောင်ပြီဆိုတာနဲ့ ရိုးရိုးရေ ထဲမှာ ၁၅မိနစ်လောက် ဒဏ်ရာကို စိမ့်ထားလိုက်ပါ။ ပြီးရင်တော့ အိမ်မှာရှိတဲ့ ပူရှိန်းအနံရှိတဲ့ သွားတိုက်ဆေးကို ဒဏ်ရာပေါ် ခပ်ပါးပါးလေး လူးပေးပြီး တစ်ရူးအပါးနဲ့ ခြောက်တဲ့ ထိ ကပ်ထားလိုက်ပါ။

(၂) ငံပြာရည်လိမ်းပေးပါ။ ငံပြာရည်က အအေးဓာတ်ကို ပိုပြီးပေးနိုင်စွမ်းရှိတာကြောင့် အပူလောင်ဒဏ်ရာပေါ်ကို ငံပြာရည်လိမ်းပေးပါ။

(၃) အိမ်မှာ အာလူးရှိမယ်ဆိုရင် အာလူးကို ပါးပါးလေးလှီးပြီး ဒဏ်ရာပေါ်ကို ကပ်လိမ်းပေးပါ။ အာလူးက အပူဓာတ်ကို ဆုပ်ယူနိုင်စွမ်းရှိတာကြောင့် အပူလောင်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) အပူလောင်ပြီး အရည်ကြည်ဖုဖြစ်သွားတဲ့ အခါ ငှက်ပျောသီးမှည့်ကို အုံပေးခြင်းက အမာရွတ်မကျန်စေတဲ့ အပြင် ဒဏ်ရာကို အမြန်ဆုံး သက်သာပျောက်ကင်းစေမှာပါ။

(၅) ရှာလကာရည်ကို ရေအေးနဲ့ ဆတူရောပြီး ဒဏ်ရာပေါ်ကို ညှင်သာစွာ လိမ်းပေးပါ။ ရှာလကာရည်မှာပါဝင်တဲ့ အက်ဆစ်ဓာတ်က ပိုးသတ်နိုင်တဲ့ အစွမ်းရှိတာကြောင့် ဒဏ်ရာထဲကို ရောဂါပိုးတွေမဝင်အောင် ကုသပေးနိုင်ပါတယ်။

(၆) နောက်တစ်ချက်က ဖောင်တိန်မှင်ရည်ပါ။ ဖောင်တိန်မှင်ရည်က အိမ်တိုင်းမှာ မရှိပေမယ့် အပူလောင် ဒဏ်ရာတွေအတွက် အရမ်းကို အသုံးဝင်ပြီး ဆေးရည်တစ်ခုလို အသုံးဝင်ပါတယ်။ အိမ်မှာ အဆိုပါမှင်ရည်ရှိမယ်ဆိုရင် အပူလောင် ဒဏ်ရာကို ရေဆေးစရာမလိုပဲ လိမ်းလိုက်ရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၇) နောက်ဆုံးတစ်ချက်ကတော့ အားလုံးသိကြတဲ့ ကြိတ်မှန်ပင်ဖြစ်ပါတယ်။ ကြိတ်မှန်ပင်ကတော့ အပူလောင်ဒဏ်ရာတွေကို အမာရွတ်မကျန်အောင်ကုသနိုင်တဲ့ အံ့မခန်းအစွမ်းထက်တဲ့ အပင်ဖြစ်ပါတယ်။ ကြိတ်မှန်ပင်ကို ရေသေချာဆေးပြီး အရည်ညှစ်ယူလိုက်ပါ။ ရလာတဲ့ ကြိတ်မှန်ရည်ကို အပူလောင် ဒဏ်ရာ၊ အမာရွတ်ပေါ်ကို မပြတ်လိမ်းပေးပါက အပူလောင်ခြင်းကြောင့်ရရှိတဲ့ ဒဏ်ရာတွေကို လုံးဝသက်သာပျောက်ကင်းစေနိုင်ပါတယ်။

မှတ်ချက်- အပူလောင်ဒဏ်ရာတွေကို နနွင်းမှုန့်နဲ့ လုံးဝမထိအောင် ဂရုစိုက်ပေးပါ။

Source: မြန်မာ့ရိုးရာ အိမ်တွင်းဆေးနည်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။