ကားတိုက်ခံရသော နစ်နာသူအား ဖမ်းဝရမ်းပြန်ထုတ်

3.11.2015 ရက်နေ့ ညောင်ဦးမြို့ မဏိစည်သူစျေးအတွင်း၌ ုုဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကိုမြို့နယ်တရားရုံးမှကြားနာစစ်ဆေးလျှက်ရှိရာ တရားခံစစ် အဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း တရားခံစည်သူဝင်းနှင့်တရားခံရှေ့နေဦးသိန်းစိုး(ကျောက်ပန်းတောင်း)၏ဆန္ဒအရနစ်နာသူကျွန်တော်၏တူမလေးနှင့်အမအပါအဝင်ပြန်ခေါ်သက်သေ(၆)ယောက်ကိုမြို့နယ်တရားသူကြီးဒေါ်နန္ဒာသိန်းမှဆင့်ခေါ်ခဲ့ပါသည်။

တူမလေးမှာရုတ်တရက်အရှိန်ပြင်းစွာဝင်တိုက်ခံရသောကြောင့်အခင်းဖြစ်သည့်နေရာမှာပင်သတိလစ်မေ့မြောသွားခဲ့ပါသည်။ကားတိုက်ခံရမှုကြောင့်တူမလေးမှာညာမျက်လုံးကွယ်ခြင်း၊ဘယ်မျက်လုံးအတွင်းသို့ကျွံဝင်သွားခြင်းနှင့်မျက်နှာတစ်ခုလုံးထိခိုက်ပျက်စီးသွားခဲ့ပါသည်။ယနေ့အချိန်ထိဆေးကုသမှုခံယူနေရသည့်အတွက်နာကျင်မှုဝေဒနာနှင့်စိတ်ဒဏ်ရာများခံစားနေရပါသည်။

ဥပဒေလုပ်ထုံးလုပ်နည်းများအရနစ်နာသူကိုတရားသူကြီးမှပြန်ခေါ်စစ်ဆေးခွင့်ရှိပါသော်လည်းကျနော့်တူမလေး၏စိတ်နှင့်ကိုယ်ခန္ဓာကျန်းမာရေးအရတရားရုံးသို့ထပ်မံလာရောက်နိုင်သည့်အခြေနေမရှိပါသဖြင့်မြို့နယ်ဥပဒေအရာရှိမှတဆင့်မြို့နယ်တရားသူကြီးထံသို့ဆေးစာမိတူ္တများနှင့်အတူအသနားခံစာအကြိမ်ကြိမ်တင်ပြခဲ့ပါသည်။အသနားခံတင်ပြထားပါသော်လည်းတာဝန်ရှိသူများမှစာနာထောက်ထားမှုမရှိဘဲတရားခံ၏အခွင့်ရေးဟုဆိုကာနစ်နာသူအားရုံးတော်သို့လာရောက်ရန်ဆင့်ခေါ်ခဲ့ပါသည်။

၂၈.၈.၂၀၁၆ရက်နေ့တွင်နိူင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှအမှုကိုစိစစ်ဆောင်ရွက်ရန်တာဝန်ပေးလိုက်သောကျောက်ပန်းတောင်းမြို့နယ်ဒုခရိုင်ရဲမှူးရှေ့မှောက်မှာပင်ရဲတပ်ကြပ်ကြီးမှနစ်နာသူအားတရားရုံးသို့မလာရောက်ပါကဖမ်းဝရမ်းထုတ်မည်ဟုပြောဆိုသွားပါသည်။

၈.၉.၂၀၁၆ရက်နေ့တွင်အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်ဝမ်းနှင့်ရဲတပ်ကြပ်ကြီးတို့ထပ်မံရောက်ရှိလာပြီးနစ်နာသူကိုဖမ်းဝရမ်းထုတ်မည်ဟုရေးသားထားသောသမ္မာန်စာကိုလက်မှတ်ထိုးခိုင်းပါသည်။လက်မှတ်မထိုးပါက၎င်းသမ္မာန်စာကိုကျွန်တော်တို့၏နေအိမ်တွင်ကပ်မည်ဟုစျေးသူစျေးသားများရှေ့တွင်ပြောဆိုသွားပါသည်။

၂၃.၉.၂၀၁၆ရုံးချိန်းတွင်လည်းမြို့နယ်တရားသူကြီးဒေါ်နန္ဒာသိန်းမှချမှတ်သောကြားဖြတ်အမိန့်တွင်နစ်နာသူကျွန်တော်၏တူမလေးအားရုံးတော်သို့မဖြစ်မနေလာရောက်ရန်နှင့်မလာရောက်ပါကဖမ်းဝရမ်းထုတ်မည်ဟုအမိန့်ချမှတ်ခဲ့ပါသည်။

တရားဥပဒေသည်ကားနှင့်ဝင်တိုက်သူတရားခံဘက်တွင်သာအခွင့်အရေးများရှိနေပြီးဘဝတစ်ခုလုံးပျက်စီးသွား၍စိတ်ဒဏ်ရာများခံစားနေရသောနစ်နာသူအားဖမ်းဝရမ်းထုတ်မည်ဟုမတရားပြောဆိုအနိူင်ကျင့်နေသည်မှာနစ်နာသူကိုနိုင်ထက်စီးနင်းပြုလုပ်နေခြင်းဖြစ်ပါသည်။

နစ်နာသူကျွန်တော်၏တူမလေးအားစာနာထောက်ထားသောအားဖြင့်တရားရုံးသို့မဖြစ်မနေလာရောက်ရန်နှင့်မလာရောက်ပါကဖမ်းဝရမ်းထုတ်မည်ဟုအမိန့်ချမှတ်ခြင်းအားပြန်လည်သုံးသပ်ပေးပါရန်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊သမ္မတကြီး၊ပြည်ထောင်စုတရားသူကြီးချုပ်၊ပြည်ထောင်စုရှေ့နေချုပ်၊အမျိုးသားလူ့အခွင့်ရေးကော်မရှင်နှင့်တကွတာဝန်ရှိသူများအားလုံးအားအသနားခံတင်ပြအပ်ပါသည် ဟု facebook user တစ်ဦးမှရေးသားဖော်ပြထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။