ချစ်ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးဖြစ်တဲ့ ခိုင်သင်းကြည်ကိုတော့ ချစ်ပရိတ်သတ်ကြီးရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ။မခိုင်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ စွယ်စုံရ မင်းသမီးဖြစ်ကာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားကာ ပရိတ်သတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာရထားတာလည်းဖြစ်ပါတယ်။  

မခိုင်ကတော့ သူမတင် ထူးချွန်သာမကပဲ သမီးလေးဖြစ်သူ စံထိပ်ထားကိုပါ လက်တွဲခေါ်နိုင်သူလည်းဖြစ်ပါတယ်။မခိုင်လေးကတော့ သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း လွင်မိုးရဲ့မွေးနေ့လေးကို အများနဲ့မတူပဲ အခွီပုံလေးတွေနဲ့ ဆုမွန်ကောင်း တောင်းထားပေးတာတွေ့ရပါတယ်။ထိုပုံလေးတွေနဲ့ အတူ "Happy Birthday Ko Lwin Moe စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေ,ဘာလုပ်လုပ် အမြဲတမ်းအောင်မြင်ပါစေ, ချစ်တဲ့မိသားစုနဲ့ထာဝရပျော်ရွှင်စွာ မွေးနေ့တိုင်းဖြတ်သန်းနိုင်ပါစေ" လို့ဆုတောင်းပေးထားတာတွေ့ရပါတယ်။

မခိုင်လေးကတော့ အမြဲတက်ကြွပျော်ရွှင်ပြီး ပွင့်ပွင်းလင်းလင်းပြောဆိုတက်တဲ့ ဟန်ပန်လေးတွေကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ကဲ.....ချစ်ပရိတ်ကြီးတွက် မခိုင်လေးရဲ့ ကိုလွင်မိုးကို ဆုမွန်ကောင်း တောင်းပေးထားတာတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။