သရုပ်ဆောင် ပိုးကြားဖြူခင်ကိုတော့ ချစ်ပရိသတ်ကြီးချစ်ကြမှာပါ။ MRTV 4ရုပ်သံမှာ ပြသနေသော မိုးကောင်းကင်အိမ်မက် ဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်နေရာက သရုပ်ဆောင်ထားတဲ့ သူမကတော့ တတ်သစ်စ သရုပ်ဆောင်တစ်ယောက် ဖြစ်သော်လဲ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်တွေ အာပေးမှုတွေ ကို ရရှိနေပြီး ဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ 

MRTV 4 ဇာတ်လမ်းတွဲမှာ ပြသနေတဲ့ မိုးကောင်းကင်အိမ်မက် ဇာတ်လမ်းတွဲကြီးဟာ ဒီနေ့မှာ ပြီးဆုံးသွားခဲ့တာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဆိုင်းမိုင် လို့ အများသိကြတဲ့ ပိုးကြာဖြူခင်ရဲ့ ဖခင်ဖြစ်သူလည်း ဒီနေ့မှာပင် ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ထိုအကြောင်းကိုတော့ သူမရဲ့ဖေ့ဘွန်စာမျက်နှာပေါ်တွင်"ဒီနေ့ မိုးကောင်းကင်အိပ်မက် နောက်ဆုံးနေ့ ကျမအဖေရဲ့ နောက်ဆုံးနေ့ ကျမရဲ့ အောင်မြင်မှု အပေါ် သိပ်ဂုဏ်ယူတဲ့ ကျမအဖေ စိတ်သဘောထားဖြူစင်ပြီး အရာရာအကောင်းမြင်စိတ်ရှိတဲ့ကျမအဖေ သားသမီးတွေအတွက် အမြဲကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကျမအဖေ ကောင်းရာမွန်ရာ ဘဝမှာ ပျော်ရွှင်စွာနေနိုင်မယ်လို့ ကျမ ယုံကြည်တယ် ကျမ အဖေဖြစ်စေချင်တဲ့အတိုင်း ကျမ အရင်ထက် နှစ်ဆ ပိုကြိုးစားမယ်ပါးကြီး ကောင်းရာမွန်ရာဘဝကိုရောက်ပါစေ"ဆိုပြီးရင်နင့်စွာပြောကြားထားတာတွေ့ရပါတယ်။

ထိုသတင်းကိုကြားကြားချင်း ပရိသတ်တွေကလည်း သူမနဲ့ထပ်တူဝမ်းနည်းကြေကွဲနေကြတာလည်းတွေ့ရပါတယ်။ပရိသတ်ကြီးတွက် ပိုးကြာဖြူခင်ရဲ့ ရင်နင့်စွာ ပြောကြားထားတာလေးကို စိတ်မကောင်းစွာနဲ့ပဲ မျှဝေပေးလိုက်ပါတယ်နော်။

Source:Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။