ချစ်ပရိတ်သတ်ကြီးရေ မြန်မာပြည်ရဲ့ နာမည်ကြီးအနုပညာရှင်နှစ်ဦးတဲ့ ရွှေထူးနဲ့ရွှေမှုန်တို့ရဲ့ အချစ်ရေး သတင်းကတော့ ပရိသတ်တွေကြား အခုချိန်ထိ စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ရွှေရွှေချင်းထပ် မြတ်တယ်ဆိုတဲ့အတိုင်း နာမည်ကြီး ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ကတော့ ချစ်သူတွေဖြစ်နေကြောင်းကို မကြာမှီက သူတို့ရဲ့ လူမှုစာမျက်နှာတွေကဆင့် တစ်ချိန်ထဲ အတူ တရားဝင်ချပြခဲ့တာတွေ့ရပါတယ်။ 

ရွှေမှုန်ကတော့ မကြာခဏဆိုသလို သူနဲ့ရွှေထူးရဲ့ ပုံလေးတွေကို Day လေးမှာ ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ယခုမှာတော့ ရွှေထူးဟာသူရဲ့ instagram ကနေ နှစ်ယောက်သားဆင်တူ သနပ်ခါး ပါးကွက်လေးတွေနဲ့ ရိုက်ထားတဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး သတင်းတွေကတော့ လတ်တလော လူမှုစာမျက်နှာထက်မှာ ပျံ့နှံ့လို့နေတာလည်းဖြစ်ပါတယ်။ 

ဝေဖန်တိုက်ခိုက်မှု များစွာ ကြားထဲက တစ်ဦးကို တစ်ဦး နားလည်မှုတွေနဲ့ ချစ်နေကြတာလည်းဖြစ်ပါတယ်။လက်ရှိအခြေအနေအရ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေလည်းရှိနေသလို အားပေးတဲ့ပရိသတ်တွေလည်း ရှိလို့နေတာ တွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ရွှေမှုန်နဲ့ ရွှေထူးတို့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Shwe Htoo Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။