ချစ်ပရိသတ်ကြီးရေ တစ်ခေတ်တစ်ချိန်က မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်လောကနဲ့ အဆိုတော်လောကမှာ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ မင်းသားကြီးစိုးသူကို ပရိသတ်ကြီးရင်ထဲ အခုထိရှိနေအုံးမှာပါ။သူကတော့ တစ်ချိန်ကနာမည်ကျော်ကြား လူကြိုက်များခဲ့ပြီး မိန်းကလေးတွေရဲ့ သည်းသည်းအားပေးခံခဲ့ရသူလည်းဖြစ်ပါတယ်။ယနေကချိန်ထိ သူရဲ့အောင်မြင်မှုထိန်းထားနိုင်တာလည်း စိုးသူရဲ့ အရည်ချင်းတစ်ခုပဲဖြစ်ပါတယ်။  

စိုးသူကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်သော်လည်း သူရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ စိုးသူဟာ အနုပညာလောထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာပြီဖြစ်ပါတယ်။ရိုက်ကွင်းပေါ်က သရုပ်ဆောင်နေတဲ့ ဇာတ်ဝင်ခန်း အမှတ်တရပုံရိပ်တွေကိုဖော်ပြထားတာတွေ့ရပါတယ်။

စိုးသူကိုချစ်တဲ့ ပရိသတ်တွေကတော့ တကယ်ကိုပျော်နေမှာအမှန်ပါပဲနော် ပရိသတ်ကြီးရေ။စိုးသူကတော့ ယနေ့ချိန်ထိကို နုပျိုနေတာလည်း သူရဲ့ လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက် စိုးသူရဲ့ နောက်တစ်ကြိမ် အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သတင်းလေးကို မျှဝေပေးရင်းပုံလေးတွေပါ မျှဝေပေးလိုက်ပါတယ်။စိုးသူကိုလည်း ပြန်လည်အားပေးလိုက်ပါအုံးနော်ပရိသတ်ကြီး....။

Source:Soe Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။