အနုပညာလောကမှာ နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အသက် ၁၉နှစ်မှာ ချစ်သူနဲ့လက်ထပ်ခဲ့ကာ အခုဆိုရင် သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကို ကြွေစေခဲ့တာဖြစ်ပါတယ်။

ယွန်းလေးကတော့ သားလေး Liam ရဲ့ပုံလေးတွေကို ပရိသတ်တွေကို မကြာခဏဆိုသလို ထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ instagramကနေ သားလေး Liam ရဲ့ပုံလေးတွေကို တောက်လျှောက် ဖော်ပြနေတာဖြစ်ပါတယ်။လတ်တလောမှာလည်း သားလေးနဲ့ အပြင်တူတူသွားရင်း ရိုက်ထားတဲ့ ချစ်စရာကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြထားတာတွေ့ရပါတယ်။Liam လေးက တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာလိုက်တာ အသည်းယားစရာကောင်းလိုက်တာနော်။ 

သားလေး Liam လေးက အရမ်းချစ်စရာကောင်းပြီး ဖေဖေကောမေမေရဲ့ အလှကိုယ်စီကိုယူထားတာလည်းဖြစ်ပါတယ်။ ယွန်းက ကလေးမွေးပြီးတဲ့အချိန်မှာ သူမရဲ့မိသားစုရော ခင်ပွန်းပါအတူရှိနေပေးခဲ့လို့ သူမအနေနဲ့ အရမ်းပျော်ခဲ့ရတယ်လို့ လည်းပြောပြထားတာတွေ့ရပါတယ်။ကဲ ...ချစ်ပရိသတ်ကြီးတွက် Liam နဲ့ ယွန်းလေးတို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။  

Source:Yun Waddy Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။