ချစ်ပရိသတ်ကြီးရဲ့ အချစ်တော် အဆိုတော်ဖြိုးမြတ်အောင်ကတော့ "Myanmar Idol Season 3" ရဲ့ Winner ဆုရှင်ဖြစ်ပြီး သူ့ရဲ့ပင်ကိုယ်အသံကြောင့် ပရိသတ်တွေရဲ့ အကြီးအကျယ် အားပေးမှုကို ရယူပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်နဲ့ သူရဲ့ပရိသတ်တွေ အပြန်အလှန်ထားရှိကြတဲ့ မေတ္တာတရားကတော့ ကြက်သီးထစရာကောင်းအောင်ပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများရဲ့ အချစ်ကိုပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်က ဆုရရှိပြီးနောက်ပိုင်းမှာတင် ကြော်ငြာတွေ ဓာတ်ပုံတွေ စတင်ရိုက်ကူးခဲ့ရပါတာလည်းဖြစ်ပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်တာကိုတော့ ပရိသတ်ကြီးများအားလုံးသိရှိပြီးသား ဖြစ်မှာပါ။သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း နေ့စဉ်ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ဖျော်ဖြေပွဲတွေ မနာတမ်းဆိုနေတယ်လို့လည်းသိရပါတယ်။ဖျော်ဖြေပွဲမှာ သူရဲ့ချစ်ပရိသတ်တွေ အနမ်းဝိုင်းခြွေကြတဲ့ ဗီဒီယိုလေးကလည်း သူရဲ့ we love တွေကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ရဲ့ အမာခံပရိသတ်တွေကတော့ နမ်းချက်တွေကကြမ်းတော့ ပြန်လာရင် မျက်နှာပါလာ ပါ့မလားလို့ ချစ်စနိုးနဲ့ စနောက် ပြောကြားထားတာလည်းတွေ့ရပါတယ်။ဖြိုးမြတ်အောင်နဲ့ သူရဲ့ပရိသတ်တွေ အပြန်အလှန်ထားရှိကြတဲ့ မေတ္တာတရားကတော့ ကြက်သီးထစရာကောင်းအောင်ပဲဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ စိတ်ထားမွန်မြတ်သူလေးဖြစ်ပြီး တကယ်ကိုလေးစားစရာ အရမ်းကောင်းတာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ရဲ့ ရိုးသားကြိုးစားပြီး ပရိသတ်တွေကိုထားတဲ့ မေတ္တာတွေကြောင့် ခုလောက်ထိ အောင်မြင်နေတာလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ဖြိုးမြတ်အောင်ရဲ့ ဖျော်ဖြေပွဲက ဗီဒီယိုလေးတွေကို ချစ်ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:we love phyo myat aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။