ချစ်ပရိသတ်ကြီးရေ တစ်ချိန်က မြန်မာနိုင်ငံရဲ့ အဆိုတော်လောကမှာ နာမည်ကျော်ကြား လူကြိုက်များပြီး နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ခဲ့ရတဲ့ ထွန်းထွန်းကိုတော့ ချစ်ပရိသတ်ကြီး ရင်ထဲအခုချိန်ထိရှိနေမှာပါ။သူကတော့ အနုပညာလောကထဲကို အဆိုတော်အဖြစ်နဲ့ ဝင်ရောက်လာကာ နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးလာရတာလည်းဖြစ်ပါတယ်။သီချင်းများကို အကောင်းဆုံး သီဆိုဖော်ဖြေနိုင်ရုံသာမကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိလာတာဖြစ်ပါတယ်။

ထွန်းထွန်းကတော့ နောက်ပိုင်းအနုပညာအလုပ်တွေ နည်းပါးသွားပေမဲ့လည်း သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုတော့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း သူငယ်ချင်း မိုးယံဇွန်နဲ့ အလောင်းစားလုပ်ကာ ရက် ၃၀ တွင်း အမိုက်စားခန္ဓာကိုယ် ရရှိခဲ့တဲ့ အကြောင်းဖော်ပြထားတာတွေ့ရပါတယ်။သူရဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ အမိုက်စားပုံတွေနဲ့အတူ "အားလုံးမင်္ဂလာပါ လိုချင်တဲ့ muscle type ကို F1 Fitness gym မှာ Zay Khine Myint Swe နဲ့ အလောင်းအစား လုပ်ပီး ရက်၃၀ အတွင်း အပြင်းစား လေ့ကျင့်ခန်းနဲ့ သူရှောင်ခိုင်းတာတွေ ရှောင်လိုက်ရတာ အခုတော့ KoKoTunTun အဲလိုတွေ ဖြစ်သွားပီ ဘယ်လိုလဲ! ဆိုပြီး အမိုက်စား ခန္ဓာကိုယ်ပုံရိပ်တွေကို ဖော်ပြထားတာတွေ့ရပါတယ်။ 

ထွန်းထွန်းရဲ့ အပြာင်းလဲကြီး ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကြောင့် သူရဲ့ပရိသတ်တွေ အရမ်းတွေ အံ့သြနေကြတာလည်းတွေ့ရပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ထွန်းထွန်းရဲ့ အမိုက်စားပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ပုံရိပ်တွေကို ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Tun Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။