ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်း မင်သားတ်းဦးဖြစ်တဲ့ ပြေတီဦးကတော့ ယနေ့ချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင် ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။

တီတီကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက် ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သားလေးရဲ့စကားလုံးလေးတွေကြောင့် အရည်ပျော်ခဲ့ရတယ်လို့ သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဖေဖေ့ကို ဘယ်လိုစကားလုံးတွေနဲ့ ချုပ်လိုက်လည်းဆိုတော့"ဘန်ကောက်မှာတပတ်လောက် ကားသွားရိုက်ပြီး မနေ့က အိမ်ကိုပြန်လာတော့ ဖိုးဓီက အဖေကိုမြင်တာနဲ့ ပြေးဖက်ပြီးပြောတယ်"သားသားက ဖေဖေ့ကိုလွမ်းနေတာ" တဲ့နှလုံးသားပီတိ ဂွမ်းဆီထိ ပေါ့လေသူ့အတွက်ဝယ်လာတဲ့ super hero အင်္ကျီလေးတွေပေးလိုက်တော့ အရမ်းဝမ်းသာပြီး ခုန်ပေါက်နေတာကိုကြည့်ပြီးကြည်နူးလိုက်ရတာ အဖေက အိမ်မှာကြာကြာမနေရပါဘူး ဒီနေ့အောင်ပန်းကို ပြန်ထွက်ရပြန်ပြီလေမနက် အိမ်ကထွက်ခါနီး အဖေကိုမြင်တာနဲ့ ဖိုးဓီကမေးပြီ."ဖေဖေကဘယ်သွားဦးမလို့လဲ" တဲ့ ဖေဖေ ရုပ်ရှင်ရိုက်ဖို့ ခရီးသွားရဦးမှာဆိုတော့ မသွားပါနဲ့ဆိုပြီး အဖေကို နမ်းလိုက်သေးတယ် ပြီးတော့ဖက်ထားတာမလွှတ်တော့ဘူးပြောလိုက်သေးတယ် "သားသားကဖေဖေ့ကိုချစ်လို့မသွားစေချင်တာတဲ့" ဒီတခါတော့ နှလုံးသားတခုလုံး အရည်ပျော်သွားပါတယ်အခုဖေဖေ သားကိုလွမ်းနေပြီသားရေ"ဆိုတဲ့ စကားလေးတွေကြောင့် တီတီတို့ပီတိတွေဖြာပြီး ကျေနပ်နေရတာဖြစ်ပါတယ်။

အေးချမ်းသာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရတဲ့ ပြေတီဦးတို့ မိသားစုလေးကို ပရိသတ်တွေက အားကျ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ကဲ....ချစ်ပရိတ်ကြီးတွက် ပြေတီဦးရဲ့ သားသားကြောင့်နှလုံးသားအရည်ပျော်ခဲ့ရတဲ့ အကြောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Pyay Ti Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။