ချစ်ပရိသတ်ကြီးရေ တစ်ချိန်က မြန်မာနိုင်ငံရဲ့ Hip Hop လောကမှာ ဒိတ်ဒိတ်ကြဲ အဆိုတော်တစ်ဦးဖြစ်တဲ့ အနဂ္ဂကိုတော့ ပရိသတ်ကြီးရင်ထဲရှိနမှာပါနော်။သူကတော့ တစ်ခေတ်တစ်ချိန်ထဲက အမိုက်စား သံစဉ်စာသားတွေကို ကိုယ်တိုင်ဖန်တီးကာ ပရိသတ်တွေကိုသီဆိုဖျော်ဖြေတာကြောင့် ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ်။သီချင်းများကို သီဆိုဖျော်ဖြေရာတွင်လည်း ဖက်ရှင်ဒီဇိုင်းအမိုက်စားတွေနဲ့ ဖျော်ဖြေသူလည်းဖြစ်ပါတယ်။

သူကတော့ အခုချိန်မှာ အေးချမ်းသာယာတဲ့ မိသားဘဝလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ချစ်စရာအရမ်းကောင်းတဲ့ အဖေတူ သမီးလေးကို ပိုင်ဆိုင်ထားကာ အဖေကော အမေကော အရမ်းချစ်နေကြတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း Kayla လေးရဲ့ ပထမဆုံး ဖေဖေမေမေတို့နဲ့အတူတူ ရှော့ပင်ထွက်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။လမ်းတစ်လျှောက်မှာလည်း အားလုံးကို လိုက်နှုတ်ဆက်ကာ ပျော်နေတယ်လို့လည်း ဖေဖေအနဂ္ဂက ပြောထားတာတွေ့ရပါတယ်။

အဖေတူ သမီးလေးက မျက်နှာလေးပြုံးချိုကာ အရမ်းချစ်ဖို့ကောင်းပြီး အသည်းယားစရာ ကောင်းလိုက်တာနော် ပရိသတ်ကြီးရေ။ကဲ...ချစ်ပရိသတ်ကြီးတွက် အဆိုတော် အနဂ္ဂတို့ မိသားစုရဲ့ ရှော့ပင် ထွက်နေတဲ့ ကြည်နူးစရာ မိသားစု ပုံရိပ်လေးတွေကို ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Anegga

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။