ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကျဲ ထိပ်တန်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဇင်ယော်မောင်မောင်ကိုချစ်ပရိသတ်ကြီးသိကြမှာပါ။ ဇင်ယော်မောင်မောင်ကတော့ မြန်မာရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတတ်အောင် ကြိုးပမ်းကြသူတွေထဲ မှာလည်း တစ်ယောက် အပါအဝင်ဖြစ်တာကြောင့် ချစ်ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။ ။ဒါရိုက်တာ ဇင်ယော်မောင်မောင်ဟာ နာမည်ကြီး ရုပ်ရှင်တွေ များစွာ ရိုက်ကူးနေပြီး အကယ်ဒမီတွေ လည်း များစွာ ရရှိနေပါတယ်။

အနုပညာသက်တမ်း ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်နေတဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကို အရမ်းချစ်တဲ့ အဖေတစ်ယောက်လည်းဖြစ်ပါတယ်။လတ်တလောမှာလည်း သားလေးဘွဲ့ယူဖို့ကို ခေါင်းအစခြေအဆုံးထိ စီစဉ်ပေးနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ထိုပုံလေးတွေနဲ့ အတူ "ချစ်စွာသော ဆရာသမားလေး ဝတ်ဆင်ရန် အတွက် ရန်ကုန်မှ U S သို့ဓါတ်ပုံရိုက်ပို့ကာ အတည်ပြုချက်ယူနေရပါသည် ဘွဲ့ယူဖို့ စာတန်းလုပ်နေ၍ ဆရာသမားလေး မအားလို့ ပါ အစားသောက် , ဆေးဝါး လူသုံးကုန် , ရေမွှေး , ဂျိူင်း တောင့်, အလွန်ဈေးကြီးတဲ့ ဒေါ်လာ အော် ထာဝရ အဖေ ထာဝရ အဖေ !"ဆိုတဲ့ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကို ဖော်ပြထားတာတွေ့ရပါတယ်။ 

ဇင်ယော်မောင်မောင်ရဲ့ သားလေးအပေါ်ထားတဲ့ မေတ္တာ စေတနာတွေကို ကြည့်ပြီး အဖေအားလုံးရဲ့ သားသမီးတွေ အပေါ်ထားတဲ့ မေတ္တာတရားကို ခံစားမိတဲ့အပြင် ကြည်နူးပီတိ ဖြစ်မိတာအမှန်ပဲနော် ပရိသတ်ကြီး။ကဲ.....ချစ်ပရိသတ်ကြီးတွက် ဇင်ယော်မောင်မောင်ရဲ့ သားလေးတွက် လုပ်ပေးထားတဲ့ အရာလေးတွေကို ဖော်ပြလိုက်ပါတယ်။

Source:Zin Yaw Mg Mg

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။