မိန်းကလေးငယ်တစ်ဦးအား မွေးစားမည်ဟုပြောဆိုကာ အိမ်အကူအဖြစ်

ခိုင်းစေပြီး လုပ်ခလာစာမပေးဘဲ ညှင်းပမ်းနှိပ်စက်သူ မိသားစုများအား

လူကုန်းကူးမှုတားဆီးကာကွယ်ရေး ဥပဒေဖြင့် ထပ်မံအရေးယူ

၂၂.၉.၂၀၁၆ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာများတွင် ၂၀၁၅ ခုနှစ်အတွင်း

က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဦးဝိစာရလမ်းရှိ နေအိမ်တစ်အိမ်

တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် အိမ်အကူ

မိန်းကလေးတစ်ဦးကို ဆိုးရွားစွာရိုက်နှက်ခဲ့ပြီး လုပ်ခလစာများလည်းပေး

ချေခြင်းမရှိကြောင်းနှင့် ထိရောက်စွာအရေးယူပေးစေလိုကြောင်း စသည်ဖြင့်

ရေးသားပျံ့နှံ့လျက်ရှိသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊

(၄၁)တိုးချဲ့ရပ်ကွက်နေ ဒေါ်အေးအေးဝင်းသည် ဒဂုံမြို့သစ်(တောင်ပိုင်း)

မြို့နယ်၊ လေးထောင့်ကန်ကျေးရွာနေ မသန်းသန်းအိ၊ (၁၆)နှစ်အား

မွေးစားမည်၊ သီလရှင်ဝတ်ပေးမည်ဟု ၎င်း၏ဖခင်ဖြစ်သူထံယုံကြည်အောင်

ပြောဆို၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မသန်းသန်းအိမှာ အဆိုပါနေအိမ်

သို့ရောက်ရှိချိန်မှစ၍ အိမ်သားများ၏ဝေယျာဝစ္စများ၊ အိမ်အလုပ်များကို

အိမ်အကူကဲ့သို့လုပ်ကိုင်ပေးခဲ့ရကြောင်း၊ အလုပ်စေခိုင်းရာတွင် အဆင်

မပြေသည့်အခါတိုင်း ဒေါ်အေးအေးဝင်းမှ သံကြိုး၊ သံယောက်မတို့ဖြင့်

ရိုက်နှက်ခြင်း၊ ယာလက်သန်းအား ပလာယာဖြင့်ဆွဲထုတ်ခြင်း၊ ရေနွေးပူ

ဖြင့်လောင်းခြင်းများပြုလုပ်ခဲ့ပြီး ၎င်းမှ မသန်းသန်းအိအား ညဉ်းပမ်းနှိပ်စက်

သည့်အချိန်တိုင်း သားမက်ဖြစ်သူ ငစား(ခ)မျိုးဇော်ထက်နှင့် သမီးဖြစ်သူ

ဟယ်လင်(ခ)ခင်သန္တာဦးတို့က ချုပ်နှောင်ပေးခြင်း၊ သားဖြစ်သူ အေးကျော်ဝင်း

မှ လက်သီးဖြင့်မျက်နှာအားထိုးခြင်းများပြုလုပ်ခဲ့သဖြင့် မသန်းသန်းအိမှာ

၎င်းနေအိမ်မှ ထွက်ပြေးလာစဉ် (၄၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ထိန်းသိမ်းပြီး

ရဲစခန်းသို့ပို့အပ်ပေးခဲ့ရာ မသန်းသန်းအိ၏အဒေါ်ဖြစ်သူ ဒေါ်ခင်မြင့်မှ

ဒေါ်အေးအေးဝင်းပါ(၄)ဦးတို့အား အရေးယူပေးရန်တိုင်တန်းချက်အရ

၁၇.၇.၂၀၁၅ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၃၆၅/၂၀၁၅၊

ပုဒ်မ-၃၂၅/၃၅၄/၂၉၄/ ၅၀၆ ဖြင့် အမှုဖွင့်လှစ်၍စစ်ဆေးဆောင်ရွက်ခဲ့ပြီး

မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံခဲ့ရာ ၃.၉.၂၀၁၅ ရက်နေ့

တွင် ဒေါ်အေးအေးဝင်းအား ပုဒ်မ-၃၀၇ ဖြင့်လည်းကောင်း၊ ကျန်(၃)ဦးအား

ပုဒ်မ-၃၂၅ ဖြင့်လည်းကောင်း တရားစွဲဆိုရန်အကြံပြုခဲ့သဖြင့် ဥပဒေ

အကြံပြုချက်အတိုင်း ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်ခံရသူ မသန်းသန်းအိသည် ဒေါ်အေးအေးဝင်း

၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ပေးခဲ့ရသော်လည်း လုပ်ခလစာ

အကျိုးခံစားခွင့်လုံးဝမရှိကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်

မသန်းသန်းအိအား သမီးအဖြစ်မွေးစားပြီး သီလရှင်ဝတ်ပေးမည်ဟု

မိဘအုပ်ထိန်းသူများထံ ယုံကြည်အောင် ပြောဆိုခေါ်ယူ၍ နေအိမ်သို့

ရောက်ရှိချိန်တွင် အိမ်ဖော်အဖြစ် ရိုက်နှက်ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလ

စာမပေးဘဲ အတင်းအဓမ္မခိုင်းစေခဲ့သူ ဒေါ်အေးအေးဝင်းပါ(၄)ဦးတို့အား

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၁၅၂၁/၂၀၁၆၊ လူကုန်ကူးမှု

တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် ထပ်မံအမှုဖွင့်ကာ

စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးဖော်ပြအပ်

ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။