နာမည်ကျော် အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျပန်မလေးလားထင်မှား ရလောက်အောင် ကြွေရုပ်လေးလို အမြဲတမ်းလှနေတဲ့ နန်းဆုရတီစိုးကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ အမြဲချစ်စရာဟန်ပန်လေး အပြုံးလေးတွေနဲ့ ပရိတ်သတ်ရဲ့ အချစ်တွေကို စွဲဆောင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ခေတ်တစ်ချိန်ထဲက အောင်မြင်မှုရရှိလာကာ ယနေ့ထိသူမရဲ့ အမာခံပရိတ်သတ်များက သူမကိုအချစ်မလျော့ပဲ ပိုပိုတိုးအားပေးလာတာဖြစ်ပါတယ်။

နန်းဆုကတော့ အနုပညာအလုပ်တွေ ဆက်တိုက် လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေနဲ့ အနုပညာလူပ်ရှားမှု ပုံရိပ်များကိုလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း သူမရဲ့ အချစ်ဆုံးမောင်လေးနဲ့အတူ မုံရွာကိုခရီးထွက်ခဲ့တယ်လို့လည်းသိရပါတယ်။သူမရဲ့မောင်လေးနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်များကိုလည်း ဖေ့ဘွတ်စာမျက်နှာပေးတွင် ဖော်ပြထားတာတွေ့ရပါတယ်။

မောင်နှမတွေ ရုပ်ချင်းဆင်ပြီး ချစ်စရာကောင်းလိုက်တာနော်။နန်းဆုတို့မောင်နှမရဲ့ ချစ်စရာအရမ်းကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးကလည်း နန်းဆုရဲ့ရှေ့ဆက် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။နန်းဆုလည်း ရှေ့ဆက်ပြီး ဒီထက်မကအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source:Echo sn & Nan Su Yati Soe

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။