အိမ်ပြတင်းပေါက်ကနေ သံချိတ်နဲ့လာခိုးတဲ့ သူခိုး

fbမှ စာဖတ်သူများ သတိထားဖို့ တင်ပေးလိုက်ပါတယ်။ အိမ်က ပြတင်းပေါက်တွေကို သေချာစွာပိတ်ထားသင့်ပါတယ်။ Facebook User တစ်ယောက်မှ သူ့အိမ်ကို လာခိုးတဲ့အကြောင်း အခုလိုဘဲ တင်ထားပါတယ်။ သူခိုးကအိမ်ပြတင်းပေါက်ကနေ အားလုံးအိပ်နေကြတုန်း ကွန်ပျူတာကိုသံချိတ်နဲ့လှမ်းဆွဲပြီးခိုးဖို့ကြိုးစားတာ ဖြစ်ချင်တော့အဖေကဒီမနက် အစောကြီးအပြင်သွားစရာရှိလို့ အပြင်ထွက်အိပ်နေတုန်းမှာဖြစ်တာ မနက်၆နာရီခွဲနေပြီဆိုတော့ ကြော်ညာစာရွက်တွေဘာတွေလာကမ်းတယ်မှတ်ပြီး ဘာလဲကွ လို့မေးလိုက်သေးသလို သူခိုးမျက်နှာလည်းသေချာမှတ်မိလိုက်တယ်ပြောတယ်။ အဖေအော်လို့ ကိုယ်တွေပြေးထွက်လိုက်ကြည့်တော့ ဒင်းကမရှိတော့ ကွန်ပျူတာတို့ဖုန်းတို့ဒီလိုမိုးလင်းခါစအချိန်သယ်သွားရင် ဘယ်သူ့မှသူခိုးလို့ထင်မှာမဟုတ် သေချာစောင့်ကြည့်ပြီးလုပ်တာပါ အကိုကသူ့ကွန်ပျူတာကိုညတိုင်း အားသွင်းနေတာ ၁ပတ်ကျော်ရှိပြီ လှမ်းဆွဲတုန်းမှာအားသွင်းကြိုးတပ်ထားတာကြောင့်ယူရခက်နေပြီး လူမိသွားလို့သာကျန်ခဲ့တာ အိမ်ကိုအကဲလာစမ်းတာ ဒါနဲ့ဆို၂ကြိမ်ရှိပြီ ကြောက်စရာတော်တော်ကောင်းလာတယ်လောကကြီးလဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။