အဖဂန်မှ အမျိုးသမီးတစ်ဦး မုဒိန်းကောင်နှင့် ပြန်လက်ထပ်ရ

အဖဂန်မှ အမျိုးသမီးတစ်ဦးသည် ၁၆ နှစ်အရွယ်တွင် ခဲအိုဖြစ်သူမှ မုဒိန်းကျင့်ခံခဲ့ရသော်လည်း ဖောက်ပြန်မှုနှင့် သူမသာ ထောင် ၁၂ နှစ်ကျခဲ့ရပြီး ထောင်ထဲတွင် ကလေးမွေးခဲ့ရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ခဲ့သော်လည်း အာဖဂန်အသိုင်းအဝိုင်းမှ ပြန်လက်ခံစေရန်အတွက် သူမကို မုဒိန်းကျင့်ခဲ့သောသူကို လက်ထပ်ခဲ့ရသည်။ သူမက သမီးလေးရဲ့ဘဝကို ဒုက္ခမရောက်စေလိုသဖြင့် ပြန်လက်ထပ်ခြင်းဖြစ်ပြီး ထုံးတမ်းစဉ်လာအရ သေရမည်ထက် နာမည်ဆိုးနှင့်နေရမည်မှာ ပိုကြောက်ဖို့ကောင်းသည့်အတွက် လက်ထပ်ခဲ့ရခြင်းဖြစ်သည်ဟု CNN ကိုပြောကြားခဲ့သည်။

ခုချိန်မှာတော့ ဘာပြသနာမှမရှိဘဲ အရင်ပြသနာများကိုမစဉ်းစားလိုကြောင်း ပြောခဲ့သည်။ သူမရဲ့ရှေ့နေမှ လက်ထပ်ခဲ့ရခြင်းမှ အစိုးရမှ ဖိအားပေးသောကြောင့်ဖြစ်သည်ဟု ပြောကြားသည်။ ငယ်ရွယ် ပညာမတတ်သော ကလေးတစ်ယောက်အမေ အနေဖြင့် မရပ်တည်နိုင်သောကြောင့်လည်းဖြစ်သည်။

မုဒိန်းကျင့်ခဲ့သူကတော့ သူ့အနေဖြင့် သူမကိုလက်ထပ်ခြင်းဖြင့် ကူညီကြောင်းသာ ပြောကြားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။