ဘာလို့ကားပုံစံ အုတ်ဂူလုပ်ပေးထားရတာလဲ ?

ဒီအုတ်ဂူလေးဟာ အရင်က သာမာန်အုတ်ဂူလေးပဲ

ဘာလို့ Hulix ကားပုံလုပ်ပေးလိုက်ရလဲ

ဦးလှကျော် ကားမောင်းနေဆဲပုံ လုပ်ပေးလိုက်ရလဲဆိုတာ ဒီနယ်တဝိုက်မှာသိကြပါတယ်

ကားသမားတွေအဆိုအရ ကားတွေဟာ ချွင်းချက်မရှိ ဒီဂူရှေ့ရောက်ရင် စက်ရပ်ရပ်သွားလို့ အဖြေရှာတော့မှ

ကားနဲ့ပါတ်သတ်ပြီး အစွဲအလန်းတစ်ခုနဲ့ မကျွတ်လွတ်သေးမှန်းအဖြေသိရခဲ့တယ်ပြောတယ်

ဒါကြောင့် သူ့အလိုကျ ဒီလိုလေးလုပ်ပေးလိုက်မှ နောက်ပိုင်းမှာ ပြဿနာ မရှိကြတော့ဘူးလို့ သိရတယ်

ဇင်းကျိုက်ရေတံခွန်အပြန်လမ်းတနေရာမှာ မြင်ခဲ့ရတယ်

သိသူတွေ Comment မှာ ရာဇဝင်လေး ဖြည့်စွက်ပေးကြပါ

စကားမစပ် သန်လျင် GTC (အခု သန်လျင် TU) သွားတဲ့လမ်းက မောင်မောင်ညွန့် အုတ်ဂူကို တနှစ်ကို တရောင်ပြောင်းသုတ်ပေးရတာနဲ့ပါတ်သတ်ပြီး ရာဇဝင်လေးများသိရင် ပြောပါဦး :)

ဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။