မြောက်ဒဂုံ အိမ်အကူနှိပ်စက်မှု

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တရားခံများကို ဖမ်းဆီးရမိခဲ့သော်လည်း မြောက်ဒဂုံမှ အိမ်အကူနှိပ်စက်မှုမှာ တစ်လကျော်ကြာမြင့်သည့်တိုင် တရားမစွဲနိုင်သေးဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။ အိမ်ရှင်ဖြစ်သူ ဒေါ်အေးဝင်း ကို အမှုဖွင့်ထားပြီး ဖြစ်သော်လည်း ရဲလုပ်ငန်းများ ကျန်နေခြင်းကြောင့် တရားမစွဲနိုင်သေး ခြင်းဖြစ်သည်။ အမြန်ဆုံးတရားစွဲရန် ပြင်ဆင်နေပြီး လတ်တလောတွင် အာမခံပေးထားကြောင်း သိရသည်။

အိမ်အကူ မိန်းကလေး မသန်းသန်းသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး အိမ်အကူအဖြစ် လုပ်ကိုင်ခြ့ပြီး အိမ်ရှင် ဒေါ်အေးဝင်းက မသန်းသန်း၏ ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်တို့ကို သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက် နှိပ်စက်ခဲ့သည့်အတွက် ကာယကံရှင်၏ ခန္ဓာကိုယ် တခုလုံးတွင် အမာရွတ်များ၊ ဒဏ်ရာများဖြင့် ပြည့်နှက်လျက် ရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။