အာဂျင်တီနားလွှတ်တော်ရှေ့ အမျိုးသမီးများမှ ကိုယ်တုံးလုံးချွတ် ဆန္ဒပြ

အမျိုးသမီးအုပ်စုတစ်စုမှ အာဂျင်တီးနားလွှတ်တော်ရှေ့တွင် အဝတ်အစားများ ချွတ်ချခဲ့ပြီး ဆန္ဒပြခဲ့သည်။ အမျိုးသမီးများအား မိမိပိုင်ပစ္စည်း အရာဝတ္ထုကဲ့သို့ သဘောထားဆက်ဆံခြင်းကြောင့် အမျိုးသမီး အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်သည်ဟု ဆိုသည်။ ထိုအဖွဲ့မှာ အမျိုးသမီးတို့ကို မူလသဘာဝအတိုင်း လက်ခံစေလိုသည့် လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ပြီး လိင်ဆွဲဆောင်မှုအတွက် မဟုတ်ဟုပြောကြားခဲ့သည်။

ဆန္ဒထုတ်ဖော်မှုမှာ မိနစ်အနည်းငယ်သာကြာပြီး ဖြတ်သန်းသွားလာသူများမှ စိတ်မသက်မသာဖြစ်သည့်အတွက် ရဲကိုဖုန်းဆက်ခေါ်ခဲ့သည်။ ယောကျာ်းတစ်ယောက်မှာ ထိုအမျိုးသမီးတစ်ယောက် ဘေးနားလာထိုင်သောအခါ ထပင် ထွက်သွားခဲ့သည်။ မနေ့ကလည်း ဗျူနိုအေးရိစ်တွင် အမျိုးသမီးလွတ်လပ်ခွင့်နှင့်အခွင့်အရေးအတွက် ထိုကဲ့သို့ဆန္ဒပြခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။