Hong Kong ကလက်ထပ်ပြီးသား ယောကျာ်းတစ်ယောက်ကို သူ့ရဲ့ ရည်းစားဟောင်း သူနာပြုဆရာမမှ သူမရဲ့နေအိမ်မှာ ဓားနဲ့ထိုးခဲ့ပြီးနောက် သူ့အိမ်ကိုလိုက်ပို့ပြီး လမ်းမှာလည်း နောက်တစ်ခါ ထပ်ထိုးခဲ့ပါတယ်။

၃ရနှစ်အရွယ်ရှိပြီး ဟောင်ကောင်က အရောင်းသမား Cheng Pak-yiu နဲ့ ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kan Woon-tsz တို့ဟာ social media မှတစ်ဆင့် တွေ့ခဲ့ပါတယ်။ မနှစ်က ဇန်နဝါရီလကတည်းက တွဲခဲ့ကြ ဖောက်ပြန်ခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့ ငါးလကစပြီး လမ််းခွဲခဲ့ပင်မဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့နေတုန်းပါဘဲ။ယောကျာ်းလေးဘက်ကနေ လုံးဝမတွေ့ဘဲ လမ်းခွဲခဲ့လို့ ဒီလိုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တရားခွင်မှာ ပြောကြားခဲ့တာကတော့ သူမရဲ့အိမ်ကနေ ပြန်ခါနီးမှာ ဓားနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

မထိုးခင်မှာလည်း အရည်တစ်မျိုးကို သူ့ရဲ့ ခန္ဓာကိုယ်ပေါ် လောင်းချခဲ့ပြီး သစ်သီးလှီးတဲ့ဓားနဲ့ နောက်ကနေ ထိုးခဲ့တာ ဖြစ်ပါတယ်။ ဓားကိုလုလိုက်တော့လည်း ၈လက်မအသွားရှိတဲ့ တခြားဓားတစ်ချောင်းကို ထပ်ယူပြီး သုံးချက် ဆက်ထိုးခဲ့ပါတယ်။

ခုခံဖို့ကြိုးစားပင်မဲ့လည်း အားနည်းနေတာကြောင့် မခုခံခဲ့ပါဘူး။ ၄၀၀ မီတာ အကွာမှာရှိတဲ့ သူ့ရဲ့ကားကို တွားသွားခဲ့တဲ့ အချိန်မှာ Kan ကနောက်ကနေကြည့်နေခဲ့ပါတယ်။ သူ့ကိုတောင် အိမ်ပြန် ကားမောင်းပို့ပြီး လမ်းမှာလည်း ဓားနဲ့ ထပ်ထိုးခဲ့ပါတယ်။

ရဲတွေက တရားခံကို နာရီအနည်းငယ်အကြာမှာဘဲ သူမဓားနဲ့ထိုးခဲ့တဲ့သူနဲ့အတူ ဆေးရုံးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။