Japan ရဲ့အလှဆုံး Taxi Driver

ကားလမ်းပိတ်နေတဲ့ အချိန်ဆို ဘယ်သူမဆို စိတ်ညစ်ပင်မဲ့ ဒီလို taxi မောင်းတဲ့သူလေးနဲ့ဆိုရင်တော့ ကားပေါ်ကတောင် ဆင်းချင်မှာ မဟုတ်တော့ပါဘူး။ Ikuta Kana က ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး taxi driver ပါ။

Ikuta က model လည်းလုပ်ပင်မဲ့ model အလုပ်က အမြဲမရှိတာကြောင့် ဒီအလုပ်ကို ဒုတိယအလုပ်အနေနဲ့လုပ်တာ ဖြစ်ပါတယ်။

အသက် ၂၄ ဘဲရှိသေးပြီး Magazine Model အနေနဲ့ လုပ်တာဖြစ်ပါတယ်။ အခုဆို ပရိသတ်တွေလည်း ရရှိနေပြီ ဖြစ်ပါတယ်။

အခုလို နာမည်ကြီးလာတာကြောင့် TV program မှာပါ ပါခွင့်ရခဲ့ပါတယ်။

ဘွဲ့ရတာ သိပ်မကြာသေးဘဲ professional driver လိုင်စင်လည်း ရပြီးသားဖြစ်ပြီး Asuka Traffic Dream Project ကို ဝင်ခဲ့တာ ဖြစ်ပါတယ်။

ကားမောင်းရုံသာမကဘဲ company ရဲ့ ကိုယ်စားပြုတစ်ယောက်လည်း ဖြစ်ပြီး TV အစီအစဉ်တွေမှာလည်း company ကိုယ်စားပြုအနေနဲ့ ပါပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။