တရုတ်မှ အချမ်းသာဆုံးခွေး Iphone 7s ၈လုံးရ

တရုတ်မှ အချမ်းသာဆုံး Alaskan ခွေး Coco ကို သူ့ရဲ့ပိုင်ရှင် ဘီလီယံနာ Wang Sicong က Iphone 7s ၈ လုံးဝယ်ပေးခဲ့ပါတယ်။

မနှစ်ကလည်း Coco ဟာ Apple Watch ၂ လုံးရခဲ့ပါတယ်။ တရုတ်မှာ iPhone စထွက်ထွက်ချင်း September 16 နေ့တုန်းက ဝယ်ခဲ့တာဖြစ်ပြီး Weibo မှာတင်ခဲ့ပါတယ်။ iPhone7 တစ်လုံးစီကို $1000 ကျော်ရှိပါတယ်။

Wang က ဓာတ်ပုံကို လူတွေကဘာကို ကြွားနေကြလဲမသိဘူး။ဘာမှ ထုတ်ကြွားစရာမလိုပါဘူး။ ကျွန်တော်ကတော့ အကောင်အထည်ဖော်လိုက်တယ် ဆိုတဲ့ caption နဲ့တင်ခဲ့ပါတယ်။

Wang Sicong ရဲ့ အဖေ Wang Jianlin က တရုတ်မှာအချမ်းသာဆုံး သူဌေးဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု $33.8 billion ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။