နှစ်ပေါင်း ၆ဝကျော်က ပထမဆုံးစတွေ့ခဲ့တဲ့ ပုံစံတူ နှစ်ထပ် bus ကားကို လက်ဆောင်အဖြစ် ဇနီးသည်ကိုပေး

“သူက ဘဝမှာ ကျွန်တော့ရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ကောင်မလေးပါ”

အဖိုးအိုဟာ သူ့ဇနီးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း၆ဝတုန်းက သူတို့နှစ်ယောက် busကားပေါ်မှာ စတွေခဲ့တဲ့အတွက် အဲ့busကားပုံစံတူကို လက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပါတယ်။ သူ့ဇနီးက လက်မှတ်ရောင်းတဲ့ ယာဉ်မယ်ဖြစ်ပြီး Gloucester ကနေ Cardiff ကိုသွားတဲ့busပေါ်မှာ ၁၉၅၆ မှာစတွေ့ခဲ့တာဖြစ်ပါတယ်။ မြင်မြင်ချင်းချစ်မိပြီး သူမမှာ ရည်းစားရှိမလားစိုးရိမ်ခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း အဲ့ကားကိုဘဲစီးပြီး ရင်းနှီးအောင်ကြိုးစားခဲ့ရပါတယ်။

၁၉၆၀ တုန်းက ဇနီးမောင်နှံ ၂ယောက်ရဲ့ ပုံဘဲဖြစ်ပါတယ်

၁၉၅၉မှာ သူတို့လက်ထပ်ခဲ့ပြီး သားသမီး ၃ယောက် ရရှိခဲ့ပါတယ်။ Shirley ကကျွန်တော့ရဲ့ပထမဆုံးအချစ်ဦးနဲ့ တစ်ဦးတည်းသော ကောင်မလေးဖြစ်တယ်လို့ အဖိုးအိုကပြောကြားခဲ့ပါတယ်။ ပြတိုက်တစ်ခုမှ အရင်ခေတ်က bus ကားတွေ ပြသထားတဲ့နေရာမှာ ပုံစံတူ bus ကားကိုတွေ့တော့ လက်ဆောင်အဖြစ်ဝယ်ပေးဖို့ စိတ်ကူးရပြီး စုံစမ်းခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ bus ကားအဟောင်းတွေ စုဆောင်းတဲ့သူတစ်ယောက်စီမှာတွေ့ပြီး ပေါင် ၁၂၀၀၀ နဲ့ဝယ်နိုင်ခဲ့ပါတယ်။ ပထမဆုံးတွေ့တဲ့ bus ကားပေါ်မှာ ကျွန်တော်တို့ ၂ယောက်အတူပြန်တွေ့ရတာ အရင်တုန်းကအမှတ်တရတွေကို ပြန်ရလိုက်သလိုပါဘဲလို့ အဖိုးအို Ken ကပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။