စင်္ကာပူတွင်​ Pokemon Go ကစားရင်​း လူသေအလောင်းရှာ​ဖွေ​တွေ့ရှိ

စင်္ကာပူ၌​နေထိုင်​သူတစ်​ဦးဖြစ်​သူ နူးဝါးအက်​ဇ်​မီသည်​ သြာဂုတ်​လ(၇)ရက်​​နေ့ တနင်္ဂ​နွေနံနက်​ပိုင်​းတွင်​ Woodsland ပန်​းခြံအနီး၌ Pokemon Goကစား​နေရင်​း ဆိပ်​ခံ​ဗောတံတားအနီး၌ လူ​သေအ​လောင်​းတစ်​​လောင်​းအားရှာ​ဖွေ​တွေ့ရှိခဲ့သည်​။

"ကျွန်​​တော်​ တံတား​ပေါ်​လျှောက်​ပြီး Pokemon Goရှာ​နေတုန်​းမှာ လူတစ်​စုက ​ရေထဲကိုငုံ့ကြည်​့​နေကြတာ​တွေ့တယ်​။ ကျွန်​​တော်​လဲကြည်​့လိုက်​​တော့ လူ​သေအ​လောင်​းတစ်​​လောင်​း​ရေထဲမှာ​ပေါ်နေတာကို​တွေ့လိုက်​ရတယ်​" ဟု အက်​ဇ်​မီက Tech In Asia ကို​ပြောကြားခဲ့သည်​။ အက်​ဇ်​မီက ယင်​းကဲ့သို့ ရှာ​တွေ့မှုအား ဓာတ်​ပုံရိုက်​၍ လူမှုကွန်​ယက်​များတွင်​ ​ဝေမျှခြင်​းလဲပြုလုပ်​ခဲ့သည်​။ ယင်​းပုံများတွင်​ အ​လောင်​းကိုစစ်​​ဆေးကြည်​့ရှု​နေ​သော ရဲအရာရှိနှင်​့တာဝန်​ရှိသူအချို့တို့ကိုလဲ​တွေ့ရသည်​။

အက်​ဇ်​မီသည်​ ၎င်း၏ရှာ​ဖွေ​တွေ့ရှိမှုနှင့်ပတ်သက်၍ အင်မတန်ထိတ်လန့်ခ့​​​​​​​ဲ​ပြီး " ကျွန်​​တော်​ နိုင်​ငံခြားမှာလဲ Game​တွေကစားရင်​း အလုခံရတာတို့ ၊ လူ​သေအ​လောင်​းရှာ​တွေ့တာမျိုး အလားတူဖြစ်​ရပ်​မျိုး​တွေရှိတယ်​လို့ဖတ်​ဖူး​ပေမယ်​့ ကျွန်​​တော်​ကိုယ်​တိုင်​ ဒီနိုင်ငံမှာ ​ဒီလိုကြုံရမယ်​လို့မထင်​ထားခဲ့ဘူး" ဟု​ပြောကြားခဲ့သည်​။

စကာင်္ပူနိုင်​ငံရဲဌာနမှ မနက်​၉နာရီ ၄၁မိနစ်​အချိန်​တွင်​ Woodslandပန်​းခြံမှ ဖုန်​းဆက်​အ​ကြောင်​းကြားမှုကိုလက်​ခံရရှိခဲ့ပြီး သူတို့​ရောက်​ရှိချိန်​တွင်​​တော့ အမျိုးသမီးအ​လောင်​းကို ​ရှာ​ဖွေ​တွေ့ရှိခဲ့ရသည်​ဟု​ပြောသည်​။

အ​မေရိကန်​နိုင်​ငံတွင်​လဲ အသက်​(၁၉)နှစ်​အရွယ်​ရှိဆယ်​​ကျော်​သက်​တစ်​ဦးသည်​ Pokemon Goကစားရင်​း လူ​သေအ​လောင်​းတစ်​​လောင်​းအားရှာ​ဖွေ​တွေ့ရှိမှုလဲဖြစ်​​ပွားခဲ့သည်​။

Source: TECHINASIA

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။