ဘာစီလိုနာ တိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူ့ကိုအရင်ကတွေ့မြင်နေကြဖြစ်တဲ့ ဆံပင်အညိုရောင်ကို ရွှေရောင်နဲ့ အစားထိုးပြောင်းလဲဆိုးခဲ့ပါတယ်။အာဂျင်တီးနားပြန်ရောက်ပြီး ရုပ်သံအစီအစဉ်တစ်ခုမှာတော့ ဒီလို ဘာကြောင့်ပြောင်းလဲဆိုးခဲ့ရတာလဲဆိုတာကို မက်ဆီကနေပြန်လည်ရှင်းပြခဲ့ပါတယ်။

"ကျွန်တော်အရာအားလုံးကို သုညကနေပြန်စချင်ပါတယ်" ဟု မက်ဆီကပြောကြားခဲ့ပါတယ်။ " ကျွန်တော် အခက်အခဲတွေအများကြီးကြုံခဲ့ရပါတယ်။ အငြင်းပွားစရာတွေကြုံပြီးနောက် ဒါတွေအားလုံးကို အဆုံးသတ်ပြီး အသစ်ကနေပြန်စမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ရုပ်သံအစီအစဉ်တစ်ခုမှာရင်ဖွင့်ခဲ့ပါတယ်။

အသက်၂၉နှစ်အရွယ်ရှိမက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတစ်ခုအပြီးမှာ နိုင်ငံတကာပြိုင်ပွဲကနေ အနားယူမယ်လို့ပြောကြားခဲ့တာကြောင့် အာဂျင်တီးနားမှဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ဟာ ကြာရှည်မခံခဲ့ပါဘူး။ ပြီးခဲ့တဲ့လကနေစပြီး ဘောလုံးပြန်ကစားလာပြီး ကြာသပတေးနေ့ပြိုင်ပွဲမှာ ဥရုဂွေးဘက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး မက်ဆီက " အဲအချိန်တုန်းက ကျွန်တော်တကယ် ထွက်သွားချင်ခဲ့တာပါ။ စိတ်ပျက် အားယုတ်စရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ " လို့ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

Source : mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။