David Tait နဲ့ Leon Swanson တို့ဟာ အသက် ၄၁နှစ်ရှိပြီဖြစ်ပြီး အခင်ဆုံးသူငယ်ချင်းတွေလဲဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ကို မသိအောင်ထားခဲ့တဲ့ အကြီးမားဆုံးလျို့ဝှက်ချက်ကြီး ပေါ်ခဲ့တဲ့နောက်မှာ သူငယ်ချင်းနှစ်ယောက်ဟာ မျက်ရည်မဆည်နိုင်ခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Davidဟာ ငိုကြွေးခဲ့ပြီး တစ်ယောက်ယောက်ရှင်းပြတာကို လိုချင်တယ်လို့ပြောကြားခဲ့ပါတယ်။ Davidနဲ့Leonဟာ ၁၉၇၅ခုနှစ်က မွေးဖွားခဲ့ပြီး ကလေးချင်းလဲခံခဲ့ရတာဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ အဖေနဲ့အမေဟာ ကိုယ့်မိဘတွေဖြစ်နေပြီး ကိုယ့်မိသားစုဟာ သူငယ်ချင်းရဲ့မိသားစုဖြစ်နေခဲ့ပါတယ်။

DNA စစ်ဆေးချက်တွေပြုလုပ်ပြီး အမှန်ဆိုတာ သိခဲ့ရတဲ့အခါ David ဟာ စိတ်ရှုပ်၊ဝမ်းနည်း ဒေါသထွက်ရပြီး ဒါဟာ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်သာမက သူတို့ရဲ့ဘဝကိုပါ ဇောက်ထိုးလှန်လိုက်သလိုပဲလို့ပြောခဲ့ပါတယ်။

David နဲ့ Leonကို 1975 ခုနှစ် Norway House Hospitalမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပြီခဲ့တဲ့နိုဝင်ဘာက Norway House ဆေးရုံမှာပဲ အရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ဟာ ကလေးချင်းအလဲခံခဲ့ရတယ်ဆိုတဲ့ Luke Monias နဲ့ Norman Barkman တို့လိုမျိုး သူတို့သူငယ်ချင်းနှစ်ယောက်ဟာလဲ DNAစစ်ပြီးမှ သူတို့လဲ အလဲခံခဲ့ရတယ်ဆိုတာ သိရှိခဲ့တာပါ။

လူတွေကတော့ ဒါဟာဆေးရုံရဲ့အမှားလို့ပြောခဲဲ့ကြပြီး တစ်ခါမှားရုံတင်မက နှစ်ခါမှားခဲ့တဲ့အတွက် တာဝန်ရှိသူတွေကို အပြစ်တင်လို့နေပါတယ်။ သူတို့နှစ်ယောက်ဆီ ဖြစ်ပျက်ခဲ့တဲ့ ဒီကိစ္စဟာ ခွင့်လွှတ်လို့မရဘူးလို့ ဆိုကြပါတယ်။

" အခုအချိန်ထိစောင့်ရှောက်လာတဲ့ ကျွန်တော့်မိဘတွေဟာ ကျွန်တော့်ရဲ့မိဘတွေလို့ ဆက်ယူဆနိုင်ပေမယ့်၊ တကယ့်မိဘအရင်းတွေ၊ ကျွန်တော့်ရဲ့ လက်ရှိမိသားစုဝင်တွေကို သစ္စာဖောက်တယ်လို့ ခံစားရတယ်ဗျာ" လို့ သူတို့က ငိုကြွေးပြီးပြောကြားခဲ့ပါတယ်။

Source : Mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။