Miguel Angel Gomar De Luna လို့ခေါ်တဲ့ အဖိုးအိုကို သူ့မိသားစုက မီးလောင်တိုက်သွင်းပြီး သဂြိုလ်ပြီးတာ လပေါင်းများစွာကြာခဲ့ပါပြီ။ တစ်နေ့မှာ သူ့မိသားစုကနေ အံ့သြဖွယ်ရာသတင်းတစ်ခုကြားရပါတယ်။ ရဲတွေက သူတို့မိသားစုကို ဆက်သွယ်ပြီး Miguel ကို လမ်းပေါ်မှာတွေ့တယ်ဆိုတဲ့ အကြောင်းပြောကြားခဲ့ပါတယ်။ Migeulရဲ့မိသားစုဟာ ကြားကြားချင်း မယုံနိုင်ဖြစ်ခဲ့ရပါတယ်။

Miguelကို သူ့ရဲ့မိသားစုဟာ ဘိုးဘွားရိပ်သာမှာထားပေးတာပါ။ တစ်နေ့မှာ Miguelဟာ ဘိုးဘွားရိပ်သာကနေထွက်ပြေးပြီး လမ်းဘေးမှာ ကြုံသလိုအိပ်၊ ကြုံသလိုစားပြီး တောင်းစားနေခဲ့တယ်ဆိုပါတယ်။ သူ့မိသားစုဟာ သူ့ကို လပေါင်းများစွာရှာဖွေခဲ့ပေမယ့်လဲ ရှာမတွေ့ခဲ့ပါဘူး။

တစ်နေ့မှာ ရဲအရာရှိတွေက နှင်းတွေကြားထဲ Miguelရဲ့အလောင်းကိုရှာတွေ့ပြီလို့ သူ့မိသားစုကို အကြောင်းကြားခဲ့ပါတယ်။ တွေ့ရှိရတဲ့အလောင်းဟာ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ပြီး ဘာ်သူလဲဆိုတာသေချာမသိရသေးပဲ Miguelရဲ့သမီးဖြစ်သူ Lucero Gomar Ramos က လက်မှတ်ရေးထိုးခဲ့ရပါတယ်။ သူမဟာ အတင်းအကျပ်လက်မှတ် ထိုးခဲခိုင်းရတာပါလို့လဲ ပြောကြားခဲ့ပါတယ်။ ဒါနဲ့ Miguelရဲ့အလောင်းကို သဂြိုလ်ပြီးနောက် နှစ်လအကြာမှာ သမီးဖြစ်သူဆီ Miguelကို လမ်းပေါ်မှာ အသက်ရှင်ရက်သားတွေ့ရှိရပါတယ်ဆိုပြီး Phဆက်အကြောင်းကြားလာပါတော့တယ်။

" ကျွန်မအဖေ အသက်ရှင်နေသေးတယ်ဆိုတာ သိရတဲ့အချိန် တစ်အိမ်လုံးဘယ်လောက်ထိ အံသြသွားမလဲဆိုတာ ရှင်တို့စဉ်းစားကြည့်လေ " လို့ Luceroကပြောကြားခဲ့ပါတယ်။

" သူတို့က ငါ့ကိုသေပြီထင်တာ။ ဒါပေမယ့် ငါတစ်နေ့တစ်နေ့ လမ်းပေါ်မှာပဲ နေခဲ့ရတာ " လို့ Miguelက ပြောခဲ့ပါတယ်။ Miguelကိုပြန်ရှာတွေ့တဲ့အချိန် သူဟာ အရက်မူးနေခဲ့ပြီိး ခောင်းမှာလဲ အမည်မသိ ဒဏ်ရာတွေ ရနေခဲ့တယ်လို့လဲ သိရပါတယ်။

Source : Mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။