တရုတ်က ဒီစံပြစုံတွဲကတော့ အချစ်မှာ နှလုံးသားခံစားမှုသာ အရေးပါတယ်ဆိုတာပြနေပါတယ်။

အသက်၂၉နှစ်အရွယ်ရှိDong Zhijunဟာ မွေးရာပါ အရိုးမဖွံ့ဖြိုးနိုင်တဲ့ရောဂါကြောင့် အရပ် ၂ပေ ၆လက်မသာရှိပြီး သူ့ရဲ့ ဇနီးဖြစ်သူ အသက်၂ရနှစ်အရွယ် Yuan Wanyu ဟာ အသက်တစ်နှစ်အရွယ်က အက်စီးဒင့် ကြီးကြီးမားမားကြုံခဲ့ရသူပါ။ သူတို့ကို တရုတ်ကစံပြစုံတွဲအဖြစ် လူတိုင်းကမြင်ပါတယ်။

သူတို့နှစ်ယောက်ဟာ အလုပ်ရှာတဲ့ Websiteတစ်ခုကနေ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုဆို လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေခဲဲ့ကြတာ ခြောက်နှစ်တာရှိခဲ့ပြီဖြစ်ပါတယ်။

အိမ်ထောင်ရေးတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက်နားလည်ပေးပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ပြီးနေတာက အရေးအကြီးဆုံးပါ။ပုံပန်းသွင်ပြင်ကအရေးမကြီးပါဘူး လို့ သူတို့စုံတွဲက People's Daily Onlineကို ပြောကြားခဲ့ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။