ဝေဠုကျော်ဖောင်ဒေးရှင်း(ပခုက္ကူရေအလှူတော်အဖွဲ့)ဝင်တစ်ဦးဖြစ်သောကုသိုလ်ဖြစ်ရေအလူှတော်ကားမောင်းနှင်သောကိုဝင်းနိုင်ဓါးထိုးခံရ၍မန္တလေးဆေးရုံကြီးသို့လွှဲပြောင်းဆေးကုသမှုခံယူရန်ယနေ့ည(10:30)အချိန်ကပခုက္ကူဆေးရုံကြီးမှထွက်ခွာ

ဖြစ်စဉ်မှာရေအလှူတော်ကားဘုန်းကြီးကျောင်းတွင်ရေလှူပြီးအပြန်လမ်းဆင်ပေါက်လှ(6)လမ်းတွင်ရပ်ထားသောLight Truckကားအားကျော်တက်တာကိုမိုက်ကယ်မလို့ကျော်တာလားဆိုပီးစကားများရာကနေဓားနဲ့ဝိုင်းထိုးတယ်လို့သိရပါတယ်

အခြေအနေတော့အတော်စိုးရိမ်ရတယ်ပြောပါ

အကိုကိုဝင်းနိုင်အမြန်ဆုံးသက်သာပါစေဗျာ

အကိုပြုလုပ်ခဲ့သမျှကောင်းမှုကုသိုလ်တွေကအကိုအပေါ်ပြန်လည်သက်ရောက်ပါစေ

ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကျနော်ကိုယ်တိုင်မမြင်လိုက်ရလို့မသိပေမဲ့

ကိုဝင်းနိုင်အကြောင်းကိုကျနော်သိတယ်

သူကပျော်ပျော်နေတတ်တယ်

ဒီနှစ်နွေရာသီရေရှားပါးတဲ့ဒေသတွေဖြစ်တဲ့မြိုင်မြို့နယ်၊ပခုက္ကူမြို့နယ်၊ညောင်ဦးမြို့နယ်စတဲ့ဒေသအသီးသီးကိုနေ့မနားညမနားကားမောင်းပေးကုသိုလ်ပြုနေတဲ့သူပါ

စကားလည်းအင်မတန်နည်းသူပါ

ဘယ်သူမှားတယ်မှန်တယ်တော့ကိုယ်တိုင်မမြင်ရလို့မသိပါ

အကိုရေအမြန်ဆုံးသက်သာပါစေ

နိုင်ထက်အောင်(ခ)လပြည့်

ဝေဠုကျော်ဖောင်ဒေးရှင်း(ပခုက္ကူရေအလှူတော်အဖွဲ့)

သတင်းနှင့်ပြန့်ကြားရေးတာဝန်ခံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။