မင်္ဂလာဆောင် ၄ ပွဲကျင်းပမယ်လို့ပြောထားတဲ့ မိုးယုစံဟာ သူမရဲ့ မင်္ဂလာဆောင် တွေထဲက နောက်ဆုံးပွဲဖြစ်တဲ့ ညစာ စားပွဲကို မနေ့ညက Novotal Hotel မှာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ မင်္ဂလာပွဲအစီအစဉ်တွေနှင့်စိတ်ကျေနပ်မှုရှိမရှိဖြေကြားခဲ့ပါတယ်။

သူမရဲ့ မင်္ဂလာဆောင် အတွက် သတင်းတွေ များစွာထွက်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရတဲ့ မိုးယုစံဟာမနေ့ကဘဲ မင်္ဂလာညစာစားပွဲကို ကျင်းပခဲ့ပါတယ်။ သတိုးသမီးအရံတွေအဖြစ် ခိုင်သင်းကြည်ရဲ့ သမီးလေးလဲပါဝင်ခဲ့ပါတယ်။ အနုပညာရှင်များအနေနှင့် ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ၊ နီနီခင်ဇော်၊ နန်းဆုရတီစိုးတို့လဲ တက်ရောက်ပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

မင်္ဂလာအကြို ဓာတ်ပုံတွေ အပြင် မင်္ဂလာပွဲ ၄ ပွဲကိုခမ်းခမ်းနားနားကျင်းပခဲ့တဲ့ သူနှစ်ယောက်ရဲ့ ကုန်ကျစရိတ်ကိုမေးမြန်းလိုက်တဲ့ အခါ မှာတော့ သာမန်မင်္ဂလာဆောင်စရိတ်လောက်ပဲ ကုန်ကျခဲ့တယ်လို့ ဆိုခဲ့ပြီး သူမက celebrity တစ်ယောက်ဖြစ်တဲ့ အတွက် တော်တော်များများကို ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင်စီစဉ်ပြီး ကျင်းပခဲ့တဲ့ အတွက် တစ်ချို့နေရာလေးတွေ စိတ်ကျေနပ်မှုမရှိပေမယ့် တော်တော် များများတော့ စိတ်တိုင်းကျခဲ့တယ်လို့ဆိုပါတယ်။

ဟန်းနီးမွန်းအကြောင်းမေးမြန်းတဲ့အခါမှာတော့ မိုးယုစံရဲ့ အမျိုးသား ကို စွမ်းသူက ဆွစ်ဇလန်၊ ပြင်သစ်၊ အီတလီ၊ သြစတေးလျ၊ ချက် ရီပတ်ပလစ် စတဲ့ ဥရောပနိုင်ငံ ၆ နိုင်ငံကို သွားရောက်လည်ပတ်မယ် ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။ မင်းသမီးလေး မိုးယုစံ ရဲ့ မင်္ဂလာဆောင်ကတော့ အောင်အောငါမြင်မြင်ပြီးဆုံးသွားပြီပေါ့ကွယ်။

Source: Myanmarcelebrities

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။